DVB Logo
Home
မြန်မာသတင်း
ကြွက်များ ဖျက်ဆီးမှုကြောင့် ပလက်ဝမြို့နယ်အတွင်း ရွာပေါင်း ၄၀ ခန့် အခက်ကြုံ
DVB
·
November 19, 2015
ကြွက်များ ဖျက်ဆီးမှုကြောင့် ပလက်ဝမြို့နယ်အတွင်း ရွာပေါင်း ၄၀ ခန့် အခက်ကြုံ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း ကြွက်တွေသောင်းကျန်းတဲ့အတွက် ကျေးရွာပေါင်း ၄၀ လောက်ရဲ့ တောင်ယာစိုက်ခင်းတွေ ဖျက်ဆီးခံနေရတယ်လို့ ခူးမီးချင်းလူငယ်အဖွဲ့က ပြောပါတယ်။

အထူးသဖြင့် ကုလတန်မြစ်အထက်ပိုင်းက ကျေးရွာတွေမှာ စိုက်ခင်းတွေ ဖျက်ဆီးခံနေရတာ ဖြစ်တယ်လို့ ခူးမီးချင်းလူငယ်အဖွဲ့က ဦးကျော်အောင်က ပြောပါတယ်။

“ကျနော်တို့ ပလက်ဝဖက်မှာဆိုရင် တောင်ယာစပါးကို အဓိက မှီခိုပြီး လုပ်ကိုင်ကြတယ်။ သြဂုတ်လမှာ ဒီဖက်မှာ ကျနော်တို့ တောင်ယာစပါးက မှည့်ချိန်ဖြစ်တယ်။ အဲဒီအချိန်မှာ ကြွက်တွေ က စပါးအပြင် အပင်ကိုတောင်ကိုက်တယ်။ စပါးတွေအပြင် တခြားသီးနှံတွေကိုလည်း စားတယ်။ တချို့ တတင်းနှစ်တင်းလုပ်ထားတဲ့တောင်ယာတွေဆို လုံးဝရိတ်သိမ်းလို့ မရတော့ဘူး အဲလိုမျိုးဖြစ်နေတယ်။ လက်ရှိအချိန်မှာတော့ စပါးတွေ ပြီးပြီးဒါပေမယ့် နှမ်းတွေကျန်သေးတယ်။ အခု နှမ်းတွေကိုလည်း ဖျက်ဆီးနေတယ်။ ”

ပလက်ဝမြို့နယ် ပြည်နယ်မဲဆန္ဒ အမှတ် (၂) က ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ  ကိုယ်စားလှယ် ဦးပြေမင်းကလည်း ဒီလိုကြွက်ဖျက်စီးမှုကိုအတည်ပြုပြောဆိုပြီး လက်ရှိ ဒေသခံတွေ ရဲ့ တောင်ယာစပါးစိုက်ခင်း ဧက ၁၀၀ ကျော်လောက် ပျက်စီးမယ်လို့လည်း ပြောပါတယ်။

“အဲလိုမျိုး ပျက်စီးတာကတော့ ကျနော်တို့ ဧကလိုက်ပြောမယ်ဆိုရင် ဧကပေါင်း ရာကျော် လောက်တော့ ပျက်စီးနိုင်တယ်။ တောင်ယာစပါးပေါ့။ ကျနော်တို့ တောင်ပေါ်ဒေသရဲ့ အခြေအနေအရဆိုရင် တောင်ယာက တနှစ်စာ ၀မ်းစာ အဲလိုရှာကြတာပေါ့နော်။ ဒါပေမယ့် ဒီလို ဖျက်စီးလိုက်တော့ ကျနော်တို့က ၈ လလောက်စားရမယ့် စပါးတွေကို ၃ လစာ၊ ၄ လစာလောက်ပဲ ရတော့တယ်။ အဲလို အခက်အခဲတွေ ကြုံရတာပေါ့နော်။”

တောင်ယာစပါးတွေကို အခုလို ဖျက်ဆီးခံရတဲ့အတွက် ဒေသခံတွေနေနဲ့ စားဖို့ အခက်အခဲ ဖြစ်နေရပြီး နဂိုရေဘေးဒဏ်ကြောင့်လည်း ရခိုင်ပြည်နယ်က ဆန်ကိုပဲ အားကိုးနေရတယ်လို့ ပြောပါတယ်။

ဒါအပေမယ့် ဆန်ဆေးတွေက အရင်နှစ်ကထက် ဈေးကြီးမြင့်နေတယ်လို့လည်း ခူမီး ချင်းလူငယ်အဖွဲ့က  ဦးကျော်အောင်က ပြောပါတယ်။

“လောလောဆယ်သူတို့မှာ စားဝတ်နေရေးအခက်အခဲဖြစ်တယ်။ အခုကျနော်တို့ တောင်ယာစပါး က မရတော့တဲ့အခြေအနေမှာ ရခိုင်ပြည်ဖက်က ဆန်ကို ကျနော်တို့အဓိက မှီခိုရတယ်။ အဲလိုမျိုး မှီခိုရတဲ့နေရာမှာ ဆန်ဈေးကလည်း အရင်နှစ်ကထက် ဆန်ဆေးအရမ်းတက်နေတယ်။ အခုဒီဖက် မှာ ဆန်အညံ့စားတအိတ်ကို ၂ သောင်းခွဲအဲလို ရှိနေတယ်။ နည်းနည်းအလယ်အလပ် ဆိုရင် ၃ သောင်း၊ ၃ သောင်း ၂ထောင်၊ ၄ သောင်း အဲလိုတွေရှိတယ်။”

ချင်းပြည်နယ်မှာ  စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနဲ့ နှစ်စဉ်နှစ်တိုင်းလိုလို ရင်ဆိုင်နေရတာ ဖြစ်ပြီး အရင် ၂၀၀၅ – ၂၀၀၆ ခုနှစ်က ကြွက်သောင်းကျန်းမှု ပြဿ  နာကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013