DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့ အရှေ့တောင်ဘက် တောင်တန်းပေါ်တွင် လက်နက်ကြီးများ ပစ်ခတ်နေ (ရုပ်သံ)
DVB
·
November 19, 2015
မိုးညှင်းမြို့ အရှေ့တောင်ဘက် တောင်တန်းပေါ်တွင် လက်နက်ကြီးများ ပစ်ခတ်နေ (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့အနီး အရှေ့တောင်ဘက် တောင်တန်းပေါ်မှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး လက်နက်ကြီး ပစ်ခတ်သံတွေပါ ဒီနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ကြားနေရပါတယ်။

မိုးညှင်းမြို့ အရှေ့တောင်ဘက် တောင်တန်းပေါ်မှ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရကာ မီးခိုးတွေ ထွက်နေတာကို နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီကျော်အထိ မြင်တွေ့နေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

မိုးညှင်းဒေသမှာခုလို တိုက်ပွဲတွေဖြစ်ပွားရတာဟာ အေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို  အစိုးရတပ်က ၀င်သိမ်းလို့ ဖြစ်ပွားရတာလို့  ကေအိုင်အိုအဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က နိုဝင်ဘာ ၁၇ ရက်နေ့က ဒီဗွီဘီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း  တပ်မတော်အရာရှိနဲ့ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြပြီး ကေအိုင်အေထံက လက်နက်တချို့ သိမ်းဆည်း ရမိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။

ရုပ်သံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013