DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး (ရုပ်သံ)
DVB
·
November 19, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး (ရုပ်သံ)
Donate to DVB

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ ရွေးကောက်ပွဲ ရလဒ်အကောင်အထည်ဖော်ရေးကိစ္စ ဒီကနေ့ မနက် ၉ နာရီ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်အကြီးအကဲတွေထံ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့ တစ်ယောက်ချင်းစီကို စာရေးတောင်းဆိုထားတာဖြစ်ပြီး သူရဦးရွှေမန်းနဲ့ ပထမဆုံးတွေ့ ဆုံဆွေးနွေးတာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေပြီးစီး ချိန်မှ တွေ့ဆုံဆွေးနွေးရေးကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကို လာရောက် တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာကိစ္စရပ်တွေကို အောင်မြင်အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို နိုဝင်ဘာလ ၁၉ ရက်နေ့၊ ဆောင်ရွက်သွားမယ်လို့ ပြန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013