DVB Logo
Home
မြန်မာသတင်း
အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်ဆက်ဆံရေး အန်အယ်လ်ဒီ ဆက်ထိန်းသိမ်းမည်
DVB
·
November 18, 2015
အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်ဆက်ဆံရေး အန်အယ်လ်ဒီ ဆက်ထိန်းသိမ်းမည်
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားမယ့်အကြောင်း ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရပြီးကတည်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်စွာ ဆက်ဆံရေးမူဝါဒဟာ သင့်တော်မှန်ကန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က လည်း ဒီမူဝါဒကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းကို ပြောဆိုလိုက်တာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း တရုတ်အပါအ၀င် နိုင်ငံအားလုံးဆီက ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

အရေးကြီးတာက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုရင်  မြန်မာပြည်သူတွေရဲ့  ယုံကြည်မှုကို ရရှိဖို့ အဓိက ကျတယ်လို့ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်း အဆိုပြုထားတဲ့ ၂၁ ရာစု ပိုးလမ်းမ ၂ သွယ် စီမံကိန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက တရုတ်သမ္မတက အဆိုပြုထားတဲ့ ပိုးလမ်းမ နှစ်သွယ်ဟာ အာရှ၊ အာဖရိကနဲ့ ဥရောပတို့ကို ကုန်သွယ်ရေးလမ်းကြောင်း ကွန်ရက်တွေ ဖြန့်ကျက်ဆက်သွယ်ဖို့ ရည်ရွယ်တာပါ။ ဒီအစီအစဉ်ဟာ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မြန်မာပြည်မှာ အရေးတကြီး လိုအပ်တဲ့ကိစ္စဟာ တိုင်းပြည်စီးပွားရေးတိုးတက်ပြီး ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ မြင့်မားလာဖို့ ဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ဟန်ချက်ညီညီ ဖြစ်ထွန်းဖို့ လိုအပ်တယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013