DVB Logo
Home
မြန်မာသတင်း
စစ်ပွဲတွေကို ငြိမ်းချမ်းစွာဖြေရှင်းရန် အန်စီအေ လက်မှတ်ထိုးအဖွဲ့များ တောင်းဆို
DVB
·
November 18, 2015
စစ်ပွဲတွေကို ငြိမ်းချမ်းစွာဖြေရှင်းရန် အန်စီအေ လက်မှတ်ထိုးအဖွဲ့များ တောင်းဆို
1 / 13
Donate to DVB

စစ်ဖြစ်နေတဲ့ဒေသတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ တွေ့ဆုံပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းသွားဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရည်ညွန်းပြီး ဒီကနေ့ နေပြည်တော်မှာ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးမှာ တောင်းဆိုတာပါ။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက “အခုကျနော်တို့ အန်စီအေမှာပါတဲ့ သဘောတူစာချုပ်အတိုင်း နိုင်ငံအေးချမ်းသာယာပြီး အခြေခံနိုင်ငံရေးပြဿ နာဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်တဲ့ အချိန်ကာလမှာ တချို့ တိုင်းရင်းသားဒေသတွေမှာ စစ်မက်ဖြစ်ပွားမှုတွေရှိနေတာ ဝမ်းနည်းဖွယ်ရာ တွေ့နေရပါတယ်။

ကျနော်ဆိုလိုချင်တာက အခု ကျနော်တို့  အန်စီအေ  ဆိုတာကတပြည်လုံးအတိုင်းအတာကို လွှမ်းခြုံတဲ့ စာချုပ်ဖြစ်စေချင်တဲ့ဆန္ဒသဘောရှိပါတယ်၊ ဒီစစ်မက်ဖြစ်ပွားမှုတွေကြောင့် ကျနော်တို့ နိုင်ငံတော်အကျိုးသက်ရောက်မှုတွေဟာ ကျနော်တို့အကုန်လုံး သိရှိကြပါတယ်။ ကျနော်တို့ အကျိုးခံစားမှုဟာတခုမှ အကောင်းမရှိခဲ့ပါဘူး။ သမိုင်းမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။  ကျနော်တောင်းဆိုချင်တာကတော့ ဒီတိုက်ပွဲတွေ အခြေခံ အကြောင်းရင်း ပြသနာ မသိပေမယ့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ ဖြေရှင်းသွားဖို့ကို ကျနော့်အနေနဲ့ ဆန္ဒရှိပါတယ်လို့” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်စား တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လတ်တလော အစိုးရတပ်တွေက  ရှမ်းပြည်နယ်မှာ  ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ၀မ်ဟိုင်းစစ်ဌာနချုပ်ကို    မြေပြင်ကရော ဝေဟင်ကပါ ဗုံးကြဲတိုက်ခိုက်နေသလို ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာလည်း  ကေအိုင်အေတပ်ဖွဲ့တွေကို စစ်ရဟတ်ယာဉ်တွေသုံးပြီး အပြင်း အထန်တိုက်ခိုက်ခဲ့တာပါ။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းကော်မတီ (UPWC) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းကတော့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဟာ  အန်စီအေစာချုပ်ကို လက်မှတ်မထိုး ထားတဲ့ အဖွဲ့တွေရဲ့ ဒေသတွေမှာဖြစ်ပွားနေဖြစ်တယ်လို့ ဒီကနေ့ အစည်းအဝေး  မှာပြောပါတယ်။

အန်စီအေ သဘောတူစာချုပ်မှာ  ကရင်လက်နက်ကိုင် ၃ ဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့  က  လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ၊ ကေအိုင်အို၊ ကေအန်ပီပီနဲ့  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ကတော့ လက်မှတ်ရေးထိုးခြင်းမရှိသလို တအာင်းပလောင်၊ ရက္ခိုင့်တပ်မတ်ာနဲ့ ကိုးကန့် (MMDAA) အပါအ၀င် အားလုံး ပါဝင်မှလက်မှတ်ရေးထိုးမယ်လို့ပြောထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013