DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း ရှင်အပါး ၃၃၀ ဆံချရှင်သာမဏေသွတ်သွင်းပွဲ အခမ်းအနား (ရုပ်သံ)
DVB
·
November 18, 2015
မြန်မာ-ထိုင်း ရှင်အပါး ၃၃၀ ဆံချရှင်သာမဏေသွတ်သွင်းပွဲ အခမ်းအနား (ရုပ်သံ)
Donate to DVB

ထားဝယ်မြို့ လောကမာရ်ဇိန်ဘုရားကြီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ရှင်အပါး ၃၃၀ အား ဆံချရှင်သာမဏေသွတ်သွင်းပွဲ အခမ်းအနားမှာ မြန်မာ-ထိုင်း ရဟန်းအပါး ၅၀၀ ဆွမ်းခြောက်လောင်းလှူပွဲနဲ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

Good Heart ဖြူစင်နှလုံးသား ပရဟိတ ဖောင်ဒေးရှင် ၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ကျင်းပပြုလုပ်ပေးတာဖြစ်ပြီး ထိုင်းဓမ္မကာရကျောင်းမှ ဆရာတော်တွေနဲ့ ထိုင်းဒကာ/ ဒကာမတွေမှ အလှူငွေတွေနဲ့ ဆီမီးခွက်တွေ လှူဒါန်းပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရှိပါတယ်။

ဒီနေ့ နောက်ဆုံးနေ့မှာ ဆီမီး ၁၀၀၀ ပူဇော်ပွဲအခမ်းအနားကို ရှင်အပါး ၃၀၀ကျော် မြန်မာ-ထိုင်း ရဟန်းအပါး ၅၀၀ နဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ပြီး ဆီမီးပူဇော်ခဲ့တယ်လို့ သိရှိရပါတယ်။

ရိုက်ကူး - ထွန်းကျော်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013