Homeသတင်းဓာတ်ပုံ
နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး မုံရွာတွင် ဆုတောင်းပွဲပြုလုပ် (ဓာတ်ပုံ)
နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး မုံရွာတွင် ဆုတောင်းပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
November 18, 2015
မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းရှိ နေပူခံရုပ်ပွားတော်မြတ်ကြီးရှေ့မှာ ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေ၊ နိုင်ငံရေအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို မုံရွာဗကသ၊ တကသနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူ ၂၀ ခန့်နဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညက ပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေ အစာငတ်ခံဆန္ဒပြမှု နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ယာယီ ရပ်ဆိုင်းခဲ့သော်လည်း ဆုတောင်းပွဲကို ရပ်နားခြင်းမရှိဘဲ ၁၂ ရက်နေ့မြောက်အဖြစ် ဆီမီးခွက်များကို ချက်ချင်းလွှတ်စာတမ်းပုံဖော်ပြီး ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
နောက်ရက်တွေမှာလည်း အခြားပုံစံတွေနဲ့ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုလတ်