DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ်အနုပညာရှင်များ Tokyo Festival 2015 တွင် တင်ဆက် (သတင်းဓာတ်ပုံ)
DVB
·
November 17, 2015
မြန်မာလူငယ်အနုပညာရှင်များ Tokyo Festival 2015 တွင် တင်ဆက် (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့က Asahi Art Square မှာ နိုဝင်ဘာ ၁၄ ရက်က စတင်တဲ့ Tokyo Festival 2015 မှာ မြန်မာအနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး တင်ဆက် ပြသနေပါတယ်။

စစ်အစိုးရလက်ထက် စိစစ်ရေးက ငြင်းပယ်ခံခဲ့ရတဲ့ သည်မော်နိုင်ရဲ့ ကဗျာတွေကို Text Installation အဖြစ် ပြုလုပ်ထားတဲ့ ပါဖောင့်မန့် အပါအ၀င် ပြင်သစ်ပြဇာတ် အနုပညာရှင် ဉာဏ်လင်းထက်ရဲ့ စစ်အစိုးရကို လှောင်ပြောင်ထားတဲ့ ဗလာဟင်းလင်းတိုင်းပြည် ပြဇာတ်နဲ့ အဆိုတော် သားဆိုးရဲ့ ဂီတပွဲတွေကိုလည်း တင်ဆက် ပြသနေတာပါ။

ရန်ကုန်လမ်းဆုံလို့ အမည်ပေးထားတဲ့ Tokyo Festival 2015 မှာ ဥရောပနဲ့ အာရှ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ ရွေးချယ်ခံထားရတဲ့ ဒါရိုက်တာ သည်မော်နိုင်ရဲ့ The Monk ရုပ်ရှင်ဇာတ်ကားနဲ့ Nargis ဇာတ်ကားတို့ကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၃ ရက်အထိ ပြသဖို့ ရှိပါတယ်။

Tokyo Festival အာရှစီးရီးကို ၂၀၁၄ က စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ကာ မြန်မာ့ရုပ်ရှင်၊ ဂီတ၊ အနုပညာမျိုးစုံကို ဖိတ်ခေါ် ပြသနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဇော်ဇော်လှိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013