
လူမျက်နှာတွေ ပြောင်းလဲနိုင်တဲ့ စက်ရုပ်ကို ဇူလိုင် ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပတဲ့ Geneva AI for Good ကမ္ဘာလုံးဆိုင်ရာ AI ထိပ်သီးဆွေးနွေးပွဲမှာ ပြသခဲ့ပါတယ်။
Robert the Robot လို့ ခေါ်တဲ့ စက်ရုပ်က ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မျက်နှာပုံစံတွေ၊ ကမ္ဘာကျော် စီးပွားရေးသမားတွေရဲ့ ပုံစံတွေကို ပြပွဲမှာ ပြောင်းလဲပြသခဲ့ကာ AI က သဘာဝထက်ပိုပြီး လူစက်ရုပ်ကို တုံ့ပြန်မှုတွေ ဘယ်လိုလုပ်နိုင်သလဲ ဆိုတာကို developer တွေက ပြသခဲ့တာပါ။
ဂျီနီဗာအခြေစိုက် RB labs က ဖန်တီးထုတ်လုပ်ထားတဲ့ Robert the Robot ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် မျက်နှာ၊ သမ္မတဟောင်း အိုဘားမားနဲ့ မက်တာစီအီးအို မာ့ခ်ဇူကာဘတ်တို့ရဲ့ မျက်နှာပုံစံတို့ကို သူ့ရဲ့ စက်ရုပ်ဒီဂျစ်တယ်စခရင်မှာ မျက်နှာတခုလို ပုံစံမျိုး ပြသခဲ့တာပါ။
ဒါပေမဲ့ ရောဘတ်နဲ့ တခြား လူပုံတူစက်ရုပ်တွေနဲ့ မတူတဲ့အချက်က ရောဘတ်ဟာ စခရင်ကို အသုံးပြုပြီး မတူညီတဲ့ ရုပ်ပုံတွေ အသုံးပြုကာ ပြုံးတာ၊ မဲ့တာ စတဲ့ တုံ့ပြန်မှု စတဲ့ ခံစားချက်တွေကို ဖော်ပြပေးတဲ့ စက်ရုပ်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရောဘတ်က စကားပြောပြီး ဆက်သွယ်ပြောဆိုတာမျိုးတော့ မရှိဘူးပါဘူး။ ရောဘတ်ဟာ AI ကို AI for Good ပွဲမှာ တက်ရောက်လာတဲ့ ကုလသမဂ္ဂက လူတွေကို သူ့ရဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ရောဘတ်ဟာ မတူညီတဲ့ လူတွေရဲ့ မျက်နှာကို ချက်ချင်း အတုခိုးပြီး ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ သူ့ကိုထုတ်လုပ်တဲ့ ကုမ္ပဏီက လူအစစ်တွေရဲ့ ပုံစံကို အတုပြုလုပ်တာကို အပြည့်စုံဆုံး လုပ်ဆောင်နိုင်တဲ့အထိ ကြိုးစားမှာမဟုတ်ကြောင်း ပြောထားပါတယ်။
RB Lab ပူးတွဲတည်ထောင်သူ ခရမ်ဘရိုကာက “ကျနော် ထုတ်လုပ်တဲ့ စက်ရုပ်တွေက လူတွေနဲ့ ဆက်သွယ်ဖို့ပါ။ စကားမပြောဘဲ ဆက်သွယ်နိုင်မှုက ကြီးမားတဲ့ ဆက်သွယ်မှုပါ။ ဒါက လူတွေနဲ့ စက်ရုပ်ကြားက အပြန်အလှန် အကျိုးပြုနိုင်မှုပါ” လို့ ပြောပါတယ်။
အဲဒီပြပွဲမှာ Swiss Federal Institute of Technology က အသက်ကြီးသူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ စက်ရုံပရိဘောဂတွေလည်း ပြသခဲ့တာ တွေ့ရပါတယ်။
အိမ်တွင်း ပရိဘောဂတွေက သက်ကြီးရွယ်အိုတွေအတွက် အတားအဆီးဖြစ်ပြီး ပရိဘောဂတွေကို ရွေ့လျားနိုင်အောင် ဆောင်ရွက်နိုင်တာကိုလည်း ပြသခဲ့ပါတယ်။
Source: Reuters










