DVB Logo
Home
မြန်မာသတင်း
ကာတာစင်တာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ အီးမေးလ် Hack ခံရပြီး ဒေါ်လာ ၄ သောင်းကျော် ခိုးယူခံရ
DVB
·
November 17, 2015
ကာတာစင်တာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ အီးမေးလ် Hack ခံရပြီး ဒေါ်လာ ၄ သောင်းကျော် ခိုးယူခံရ
Donate to DVB

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို စောင့်ကြည်ဖို့လာတဲ့ ကာတာစင်တာအဖွဲ့ဟာ အီးမေးလ်ကနေ Hack ခံရပြီး ဒေါ်လာ ၄ သောင်း ၂ ထောင်ကျော်ဖိုး ခိုးယူခံခဲ့ရတာကြောင့် တာမွေရဲစခန်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အမှု ဖွင့်ထားပါတယ်။

ကာတာစင်တာအဖွဲ့ ရုံးခန်းဖွင့်လှစ်ခဲ့တဲ့ ချက်ထရီယံဟိုတယ်က  ရွေးကောက်ပွဲကာလ အတွင်း ရုံးခန်းဖွင့်ခနဲ့ အခြားငှားရမ်းခတွေအတွက် အီးမေးလ်လိပ်စာကနေတဆင့် အမေရိကန်နိုင်ငံ အတ္တလန္တာမြို့မှာရှိတဲ့ ကာတာစင်တာရုံးချုပ်ကို ကျသင့်ငွေတောင်းခဲ့တဲ့ အကြောင်း၊ အဲ့ဒီလိုတောင်းခံတဲ့နေရာမှာ ချက်ထရီယံဟိုတယ်ရဲ့ ဘဏ်အကောင့်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်တခုကို ပေးပို့ဖို့အတွက် တောင်းခံခဲ့တဲ့အကြောင်း၊ ဒါကြောင့် ကာတာစင်တာက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်ထဲကို ပေးပို့ခဲ့တဲ့အကြောင်း၊ ဒီလို ပေးပို့ခဲ့တဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ ဘဏ်အကောင့်ထဲ ငွေရောက်ရှိခြင်း မရှိဘဲ အင်ဒိုနီးရှားနိုင်ငံက ဘဏ်တခုထဲကိုရောက်ရှိသွားခဲ့တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ချက်ထရီယံဟိုတယ်နဲ့ ကာတာစင်တာတို့ရဲ့ အီးမေးလ်တွေကို Hark လုပ်ခဲ့တဲ့သူကို တာမွေရဲစခန်းက အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (က)(ခ)  နဲ့ အမှုဖွင့်ထားပြီး အမှတ် ၆ မှုခင်းရဲတပ်ဖွဲ့စုက စစ်ဆေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို အင်တာနက် အီးမေးလ်ကနေ တဆင့် ခိုးယူခံရတာကြောင့် အမှုဖွင့်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013