DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့အနီးတွင် အစိုးရတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များ တိုက်ပွဲပြင်းထန် (ရုပ်သံ)
DVB
·
November 17, 2015
မိုးညှင်းမြို့အနီးတွင် အစိုးရတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များ တိုက်ပွဲပြင်းထန် (ရုပ်သံ)
1 / 2
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့အနီး အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး လေကြောင်းက ပစ်ခတ်မှုတွေရော လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတဲ့ အတွက် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ကာ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ နှစ်ကြိမ် ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ တစ်ကြိမ် လေကြောင်းပစ်ကူပေးနေရတာကို မြင်တွေ့နေရကြောင်း မိုးညှင်းဒေသခံ ကိုမင်းသူက ပြောပါတယ်။

မိုးညှင်းဒေသခံ ကိုမင်းသူက “နိုဝင်ဘာ ၁၆ ရက်နေ့မှာ တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် နေ့လည် ၂ နာရီ ၄၀ မိနစ်တစ်ကြိမ် ၃ နာရီခွဲတစ်ကြိမ် လေကြောင်းပစ်ကူခဲ့ပြီး ညနေ ၅ နာရီကျော်လောက်မှာ တိုက်လေယာဉ်နဲ့ ပစ်တာ တွေ့ရပါတယ်။ မြို့ခံလူထုက တိုက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ မနေ့က တပ်မတော်ဘက်က အရာရှိနှစ်ယောက် ကျဆုံးတယ်လို့ ကြားသိရပြီး ကေအိုင်အေ ဘက်ကလည်း နှစ်ယောက် ကျတယ်လို့သိရတယ်။အခု မိုးညှင်းမြို့ပေါ်မှာ ခရီး သွားလာမှုက တော်တော်လေးရှင်းသွားပါတယ်။ အမှန်က မြို့ပေါ်မှာ စိုးရိမ်စရာမရှိပါဘူး။
ဒါပေမယ့် တော်တော်များများက စိုးရိမ်ပြီး ဆိုင်တွေပိတ်ကုန်ကြတယ်။ အဝေးသင်ကျောင်းသားတွေလည်း အပြင် မထွက်ကြတောဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက မိုးညှင်းအရှေ့ဘက် ၁ မိုင်ခွဲခန့်သာရှိပါတယ်။ လက်ရှိအခြေအနေအရ မနက်ဖြန်လည်း တိုက်ပွဲပြင်းထန် မယ့်ပုံပါဘဲ”လို့ ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မနက်မှာတော့ တိုက်ပွဲဖြစ်သံတွေ မကြားရသေးသလို မြို့ပေါ်မှာ ဈေးတွေနဲ့ စာသင်ကျောင်းတွေလည်း ပုံမှန်အတိုင်းဖွင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်ကရော ကေအိုင်အေဘက်ကပါ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နှစ်ဖက် ထိခိုက်ကျဆုံးမှု ဘယ်လောက် ရှိတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
သတင်း - ကိုကိုလင်း (အင်းတော်)
ရုပ်သံ - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013