DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ မိုးလေဝသ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
November 16, 2015
နိုဝင်ဘာ ၁၆ ရက်မှ  ၂၂ ရက်နေ့အထိ မိုးလေဝသ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

နိုဝင်ဘာလဟာ ၂၀၁၅ ခုနှစ် မိုးလွန်ကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ ဒီလကုန်ဆုံးပြီး ဒီဇင်ဘာလဆန်း ၁ ရက်နေ့က စပြီး ဆောင်းရာသီကာလဟာ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

လောလောဆယ် မြေပြင်အပူချိန် တိုင်းတာချက်များအရ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ မြောက်ဖျားစွန်းဒေသတွေမှာ အပူချိန်ဟာ ၄ ဒီဂရီ စင်တီဂရိတ်ကနေ ၁၂ ဒီဂရီ စင်တီဂရိတ်ခန့် (သို့) ၈ ဒီဂရီစင်တီဂရိတ်ခန့်အထိ ကျဆင်းနေတာကို တွေ့ရပါတယ်။

မိုးရွာသွန်းမှုအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်၊ တောင်ဘက်ဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာတော့ လာမယ့်တပတ်အတွင်းမှာ မိုးအနည်းငယ် ရွာသွန်းနိုင်သေးတယ်လို့ ခန့်မှန်းရရှိပါတယ်။ ရွာသွန်းမှု မိုးရေချိန်ဟာ အများဆုံး ၂ လက်မခွဲခန့်သာ ရှိနိုင်ပါတယ်။

အယ်လ်နီညို အနေနဲ့ကတော့ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက် အီကွေတာရပ်ဝန်း မှာရှိတဲ့ ပင်လယ်ရေပြင်မျက်နှာပြင်များရဲ့ အပူချိန်ဟာ ခန့်မှန်းချက်အားဖြင့် ပုံမှန်ရဲ့အထက် ၂.၄ ဒီဂရီ စင်တီဂရိတ်ကနေ ၂.၈ ဒီဂရီစင်တီဂရိတ်အထိ ကျော်လွန်နေတာကို တွေ့ရပါတယ်။ ဒါဟာဖြင့် အားကောင်းတဲ့ အယ်လ်နီညိုနှစ်တွေမှာ တွေ့ရတတ်တဲ့ အတိုင်းအတာဖြစ်တဲ့အတွက် ၂၀၁၅ အယ်လ်နီညိုနှစ်ဟာ အားကောင်းတဲ့ အယ်နီညို ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရရှိထား ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလဟာ ကမ္ဘာကြီးရဲ့ သက်တမ်းတလျောက် စက်တင်ဘာလရဲ့ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ စံချိန်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟာ မက်ဆီကိုနိုင်ငံ ကမ်းခြေကို ဝင်ရောက်တဲ့အခါမှာ အများဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် (၂၀၀) အထိ တိုက်ခတ်ခဲ့တဲ့အတွက် အဲဒီဒေသမှာ ဖြစ်ခဲ့သမျှ ဟာရီကိန်းမုန်တိုင်းတွေထဲမှာ လေတိုက်နှုန်းအပြင်းထန်ဆုံးမုန်တိုင်းအဖြစ် စံချိန်တင်ခဲ့ ပါတယ်။

ဒါအပြင် တောင်အမေရိကတိုက်မှာရှိတဲ့ ဒေသတချို့ဖြစ်တဲ့ ဥပမာ- ဘရာဇီးနိုင်ငံမှာ ဒီနှစ်ဟာ နှစ်ပေါင်း ၅၀၊ ၆၀ အတွင်းမှာ မိုးအခေါင်ဆုံး နှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခြားခြားသော သဘာဝဖြစ်စဉ်တွေဖြစ်တဲ့ သန္တာကျောက်တန်းတွေ ပျက်စီးတာတွေ၊ တိရစ္ဆာန်တွေ နေရာပြောင်းရွှေ့တာတွေ၊ အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားကမ်းခြေမှာ မြွေ၊ ဖွတ် စတဲ့ တိရစ္ဆာန်များရဲ့ အပြောင်းအလဲတွေ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီနှစ် အယ်လ်နီညို အင်အားမသေးဘူးဆိုတာ ပြနေတာပါ။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ညအပူချိန်များအဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၉ ဒီဂရီ စင်တီဂရိတ်တွေနဲ့ ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်ဒေသတွေမှာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်တီဂရိတ်တွေနဲ့ ညအပူချိန်များ ရှိနိုင်ပါတယ်။

ဒီတစ်ပတ်အတွင်း မိုးရွာသွန်းမှု ခန့်မှန်းချက်အနေနဲ့က ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ။ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား (၁) ရက်မှ (၃) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013