DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့အနီး ငလျင်လှုပ်
DVB
·
November 16, 2015
ဟုမ္မလင်းမြို့အနီး ငလျင်လှုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီး ပြင်းအား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၆ရက် ဒီနေ့ မြန်မာစံတော်ချိန် (၀၅) နာရီ၊ (၅၄) မိနစ်၊ (၄၁) စက္ကန့် အချိန်မှာ မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၉၆) မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် (၂၄)မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ် သွားတာလို့ ဆိုပါတယ်။

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတဲ့သတင်းတွေကတော့ မကြားသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013