DVB Logo
Home
ရွေးကောက်ပွဲ
နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီ မဲရလဒ်
DVB
·
November 15, 2015
နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီ မဲရလဒ်
Donate to DVB

ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်တွေ ဒီနေ့ ညနေ ၄ နာရီက ဆက်လက်ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်နေရာ ၆ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ နေရာနဲ့ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၃ နေရာကို ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီ ၁ နေရာ၊ ရခိုင်အမျိုးသားပါတီက ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ အန်အယ်လ်ဒီ ၆ နေရာ၊ ရခိုင်အမျိုးသားပါတီက ၈ နေရာ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာမှာတော့ အန်အယ်လ်ဒီက ၂ နေရာနဲ့ တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ နေရာ စုစုပေါင်း ၂၇ နေရာ ကြေညာသွားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်၊ ဦးသက်နောင် (အန်အယ်လ်ဒီ)
၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်း၊ ဦးဝမ်းလှ (အန်အယ်လ်ဒီ)
၃။ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ဦးဦးလှစော (ရခိုင်အမျိုးသားပါတီ )
၎။ ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဦးဦးထွန်းဝင်း (ရခိုင်အမျိုးသားပါတီ)
၅။ ရခိုင်ပြည်နယ်၊ မင်းပြား၊ ဦးစစ်နိုင် (ရခိုင်အမျိုးသားပါတီ)
၆။ ရခိုင်ပြည်နယ်၊ မြေပုံ၊ ဦးဖေသန်း (ရခိုင်အမျိုးသားပါတီ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၇။ စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ် (၁၂) ဦးမင်းနိုင် (အန်အယ်လ်ဒီ)
၈။ ရခိုင်ပြည်နယ်၊ အမှတ် (၄) ဦးကျော်ကျော် (ရခိုင်အမျိုးသားပါတီ)
၉။ ရခိုင်ပြည်နယ်၊ အမှတ် (၅) ဦးမြင့်နိုင် (ရခိုင်အမျိုးသားပါတီ)
၁၀။ ရခိုင်ပြည်နယ်၊ အမှတ် (၆) ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ)

တိုင်းဒေသကြီး ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
၁၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ် (၁) ဦးလော်ယုံ (အန်အယ်လ်ဒီ)
၁၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ် (၂) ဦးဆားမူ (အန်အယ်လ်ဒီ)
၁၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်း (၁) ဦးစိမ်းမောင် (အန်အယ်လ်ဒီ)
၁၄။ စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်း (၂) ဦးကေဆိုင်း (အန်အယ်လ်ဒီ)
၁၅။ ရခိုင်ပြည်နယ်၊ မြောက်ဦး (၁) ဦးထွန်းသာစိန် (ရခိုင်အမျိုးသားပါတီ)
၁၆။ ရခိုင်ပြည်နယ်၊ မြောက်ဦး (၂) ဦးကျော်ဝင်း (ရခိုင်အမျိုးသားပါတီ)
၁၇။ ရခိုင်ပြည်နယ်၊ ကျောက်တော် (၁) ဦးမောင်လှကျော် (ရခိုင်အမျိုးသားပါတီ)
၁၈။ ရခိုင်ပြည်နယ်၊ ကျောက်တော် (၂) ဦးမောင်သန်းစိန် ခ ဦးမောင်မောင် (ရခိုင်အမျိုးသားပါတီ)
၁၉။ ရခိုင်ပြည်နယ်၊ မင်းပြား (၁) ဦးလှသိန်းအောင် (ရခိုင်အမျိုးသားပါတီ)
၂၀။ ရခိုင်ပြည်နယ်၊ မင်းပြား (၂) ဦးလှအောင်ညွန့် (ရခိုင်အမျိုးသားပါတီ)
၂၁။ ရခိုင်ပြည်နယ်၊ မြေပုံ (၁) ဦးအောင်ဝင်း (ရခိုင်အမျိုးသားပါတီ)
၂၂။ ရခိုင်ပြည်နယ်၊ မြေပုံ (၂) ဦးမြသန်း (ရခိုင်အမျိုးသားပါတီ)
၂၃။ ရခိုင်ပြည်နယ်၊ မာန်အောင် (၁) ဦးသိန်းမောင် (အန်အယ်လ်ဒီ)
၂၄။ ရခိုင်ပြည်နယ်၊ မာန်အောင် (၂) ဦဘိုးနွဲ့ (အန်အယ်လ်ဒီ)

တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်
၂၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသား၊ ဒေါ်မွေးမွေးခင် (တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
၂၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတိုင်းရင်းသား၊ ဦးလာယ်ထောင်ထန်း (အန်အယ်လ်ဒီ)
၂၇။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသား၊ ဦးပုံငွေ (အန်အယ်လ်ဒီ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013