DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် အလေးအနက်ထား စဉ်စားနေဟုဆို
DVB
·
November 15, 2015
ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် အလေးအနက်ထား စဉ်စားနေဟုဆို
1 / 3
Donate to DVB

အစာငတ်ခံ ဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံ ချက်အပေါ် အလေးအနက်စဉ်းစားသုံးသပ်နေတယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အစာငတ်ခံဆန္ဒပြ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုမျိုးမြတ်စံက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန် လာရောက်တွေ့ဆုံပြီး ကျောင်းသားတွေ အစာငတ်ခံဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့တဲ့အပေါ် အခုလိုပြောဆိုလိုက်တာပါ။

“သူတို့ကတော့ အခြေအနေ အချိန်အခါအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားတခု အကြံဉာဏ်ပေးတဲ့ သဘောပေါ့နော်။ ဒါက အန်တီပြောတဲ့စကားဖြစ်တဲ့အတွက် အလေးအနက်ထား စဉ်းစားသင့်တဲ့အရာတခုပေါ့လေ။ အဲတော့ ကျနော်အလေးအနက်စဉ်းစား သုံးသပ်နေပါတယ်။ ကျနော်တို့လုပ်နေတဲ့ အခု သွားနေတဲ့ဟာက အကန့်အသတ်မဲ့မဟုတ်ဘူး။ အကန့်အသတ်ရှိတယ်။ အချိန်ကာလတခုရောက်ရင် ကျနော်ရပ်မှာ။ ဒါပေမယ့် ကျနော် မျှော်မှန်းထားတဲ့ အချိန်ကာလလေးတခုကို စောင့်ဆိုင်းနေတာဖြစ်တဲ့အတွက်  ကျနော်ဆက်သွားနေရခြင်းဖြစ်တယ်။ အချိန်ကာလကလည်း သိပ်မဝေးတော့ဘူး။” လို့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးဝင်းထိန်က လက်ရှိ ဒီမိုကရေစီအကူးပြောင်းကာလမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မှာ စိုးရိမ်တာကြောင့် အခုလို မေတ္တာရပ်ခံတာလို့ ပြောပါတယ်။

“ရွေးကောက်ပွဲနိုင်ပြီးတော့မှ ဒီအကူးအပြောင်းကာလမှာ တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းဖြစ်စေချင်တာက ဒေါ်စုရဲ့ဆန္ဒ၊ ဒါပေမယ့် သူ့ရဲ့သတ္တိ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်အကုန်လုံးကို သဘောပေါက်၊ ချီးလည်း ချီးကျူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ဒီမိုကရေစီအကူးအပြောင်းကာလာမှာ ထိလွယ်ရှလွယ်ပြီး၊ ဘေးထွက်ဆိုးကျိုးတွေ၊ မလိုလားသူတွေ အခွင့်ကောင်းရသွားမှာစိုးလို့။ တကယ်လို့ တယောက်ယောက်က တခုခုဖြစ်သွားလို့ရှိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်။ ဆူပူထကြွမှုတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ အရပ်ရပ်ကို စဉ်းစားပြီးတော့ သူတို့ အစာငတ်ခံ ဆန္ဒပြတာကို ရပ်တန့်မေတ္တာရပ်ခံတာ။”

ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အစာငတ်ခံဆန္ဒပြကျောင်းသားတွေအနေနဲ့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လာနေပြီလို့ ပြောပါတယ်။

ဓာတ်ပုံ - လင်းဆက်အောင်နှင့်အာကာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013