DVB Logo
Home
Lead Story
မြန်မာ-ထိုင်း ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ ခန့် ရှင်ပြုပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
November 15, 2015
မြန်မာ-ထိုင်း ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ ခန့် ရှင်ပြုပွဲပြုလုပ် (ဓာတ်ပုံ)
1 / 14
Donate to DVB

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ လောက် ရှင်ပြုပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လောကမာရ်ဇိန်ဘုရားကြီးမှာ ဒီနေ့ မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထားဝယ်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ကလေးတွေ၊ မိဘမဲ့ကလေးတွေအပါအ၀င် ကလေးငယ် ၃၀၀ လောက်ကို ရှင်ပြုပေးခဲ့တာပါ။

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ပူးပေါင်း ပြုလုပ်တဲ့ ရှင်ပြုပွဲကို  ထိုင်းနိုင်ငံ ဓမ္မကာရကျောင်းက ထိုင်းသံဃာတော်တွေနဲ့ မြန်မာနိုင်ငံက ဖြူစင်နှလုံး Good Heart ပရဟိတဖောင်ဒေးရှင်းတို့ ပူပေါင်းပြုလုပ်ခဲ့တာလို့ မြန်မာ-ထိုင်းဘာသာပြန် မသီတာလွင်က ပြောပါတယ်။

ဒီပွဲကို ထိုင်းနိုင်ငံက ဆရာတော်တွေ၊ ဒကာ ဒကာမတွေ၊ ပံ့ပိုးမှုအပါအဝင် မြန်မာနိုင်ငံက အလှူတွေလည်း ပူပေါင်းပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ - ထွန်းကျော်မောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013