DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၀ ကျော် ဆွေးနွေး
DVB
·
November 15, 2015
သမ္မတနှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၀ ကျော် ဆွေးနွေး
1 / 5
Donate to DVB

သမ္မတ ဦးသိန်းစိန်နဲ့  ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့  နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ နာရီ  တွေ့ဆုံဆွေးနွေးနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ တွေ့ဆုံတာဖြစ်ပြီး ဒါဟာ ရွေးကောက်ပွဲပြီး တဲ့နောက်ပိုင်း နိုင်ငံတော် သမ္မတနဲ့ နိုင်ငံရေးပါတီတွေ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် သမ္မတ မိန့်ခွန်းမှာ ပြောခဲ့တဲ့အတိုင်း  ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ ဖိတ်ကြားခံထားရတဲ့ ပါတီ ခေါင်းဆောင်တွေက မျှော်လင့်နေပါတယ်။

ရွေးကောက်ပွဲဝင် နိုငံရေးပါတီ ၉၁ ပါတီက ကိုယ်စားလှယ် ၂၀၀ လောက် ဒီတွေ့ဆုံပွဲမှာ တက်ရောက်လာတယ်လို့ အဲဒီတွေ့ဆုံပွဲကိုသွားရောက်ခဲ့တဲ့ ကရင်ပြည်သူ့ပါတီဒု-ဥက္ကဋ္ဌ စောစေးဝါးက ပြောပါတယ်။

ဒီအတောအတွင်းမှာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့် တောင်းခံ ထားပြီး သမ္မတကလည်း တွေ့ဆုံဖို့ ကတိပြုထားပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဝင်ဘာလ ၁၆ ရက် ပြန်စမယ့် လွှတ်တော်အစည်း အဝေးကို တက်ဖို့ နေပြည်တော်မှာရောက်နေတာကြောင့် အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ နှစ်ဦး တက်ရောက်နေပါတယ်။

ဓာတ်ပုံ - လင်းဆက်အောင်

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013