DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပထမဆုံး ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်မည်
DVB
·
November 14, 2015
မန္တလေးတွင် ပထမဆုံး ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်မည်
Donate to DVB

မန္တလေးမြို့မှာ ပထမဆုံး ရေဆိုးသန့်စင် စက်ရုံနဲ့ ရေသန့်စက်တည်ဆောက်ဖို့ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးမှာ ရေဆိုးနဲ့ မိလ္လာ စွန့်ထုတ်တာဟာ စနစ်တကျ မရှိသေးဘဲ ရေမြောင်းတွေ၊ ချောင်းတွေထဲကို စွန့်ထုတ်နေတာပါ။

ဒီရေဆိုးသန့်စင်စက်ရုံက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကတဆင့် လျှပ်စစ်ထုတ်ပြီး စက်ရုံလည်ပတ်ဖို့လိုအပ်တဲ့ ဓာတ်အားရဲ့ ထက်ဝက်ကို ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေသန့်စက်ရုံကလည်း လက်ရှိရေပေးဝေနေတဲ့ ကွန်ရက်ကို ထပ်တိုးချဲ့ပြီး လူဦးရေ ၁၂၅၀၀၀ လောက်အထိ ရေသန့်ကို ဖြန့်ဝေနိုင်မယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ တရုတ်ကို ချိတ်ဆက်ထားတဲ့ စီးပွားရေးစင်္ကြင်္န်ဟာ မန္တလေးမြို့ကို ဖြတ်သန်းသွားတာဖြစ်ပြီး စင်္ကြန်လမ်တလျှောက် တိုးတက်လာတာနဲ့ အတူ မန္တလေးဟာလည်း စီးပွားရေး အချက်အချာ နေရာ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် မြို့ပြဝန်ဆောင်မှု လုပ်ငန်းတွေဟာ အားနည်းချက်တွေ ရှိနေပြီး မြို့အနေနဲ့ကလည်း ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ရည် အတော်လေး နည်းပါးနေပါသေးတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင် အာရှဌာနက မြို့ပြဖွံ့ဖြိုးတိုးတက်မှုဦးဆောင်ပညာရှင် အယ်ရီဟွန်ဒါက ပြောပါတယ်။

ဒီစီမံကိန်းတွေအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၊ ဖွံ့ဖြိုးမှု မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ထည့်ဝင်ငွေ ဒေါ်လာ ၅၆.၈ သန်းနဲ့ မြန်မာအစိုးရစိုက်ထုတ်ငွေ ဒေါ်လာ ၁၃.၁ သန်း သုံးစွဲမှာပါ။

စီမံကိန်းအကောင်အထည်ဖော်တာက ၇ နှစ်လောက်ကြာမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လမှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013