DVB Logo
Home
မြန်မာသတင်း
ဓားခုတ်ခံရသည့် ဦးနိုင်ငံလင်း အမှု နိုဝင်ဘာ ၂၇ ရက်နေ့ ချိန်းဆို
DVB
·
November 13, 2015
ဓားခုတ်ခံရသည့် ဦးနိုင်ငံလင်း အမှု နိုဝင်ဘာ ၂၇ ရက်နေ့ ချိန်းဆို
Donate to DVB

လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဓားခုတ်ခံရတဲ့အမှုကို သာကေတမြို့နယ် တရားရုံးက နိုဝင်ဘာ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဒီအမှုမှာ အမှုဖွင့်ခံထားရသူ သာကေတမြို့နယ်နေ ဦးဇော်လတ်ဆိုသူကို နိုဝင်ဘာ ၁၃ ရက်နေ့က သာကေတမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရမန်ယူခဲ့ပါတယ်။

လက်ရှိမှာ အမှုစစ်ဆေးတာမျိုး မရှိသေးဘဲ ရဲလုပ်ငန်းစဉ် ဆောင်ရွက်ဆဲအဆင့်သာရှိပြီး နိုဝင်ဘာ ၂၇ နောက်ပိုင်းမှသာ တရားစွဲဆိုတဲ့အဆင့်ကို ရောက်မယ်လို့ တရားလိုရှေ့နေ ဦးကျော်လှက ဒီဗွီဘီကို ပြောပါတယ်။

အမှုဖွင့်ခံထားရသူ ဦးဇော်လတ်ကိုတော့ အင်းစိန်အကျဉ်းထောင် ပို့လိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ ညက သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး လှည့်လည်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို ဓားနဲ့ခုတ်သူ ဦးဇော်လတ်ဆိုသူကို ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013