DVB Logo
Home
မြန်မာသတင်း
ဟောက်သံကြောင့် အနှောင့်အယှက် မဖြစ်စေရန် ထိန်းချပ်ပေးမည့် ကိရိယာ (ရုပ်သံ)
DVB
·
November 13, 2015
ဟောက်သံကြောင့် အနှောင့်အယှက် မဖြစ်စေရန် ထိန်းချပ်ပေးမည့် ကိရိယာ (ရုပ်သံ)
Donate to DVB

လူသန်းပေါင်းရာချီမှာ ဒီအလေ့အထ ရှိနေပေမယ့် သန်းပေါင်းများစွာကတော့ ၀န်ခံလေ့မရှိပါဘူး။ အဲဒါကတော့ ဟောက်တတ်တဲ့အလေ့ပဲ ဖြစ်ပါတယ်။

ဒါကတော့ ကျနော့်ဇနီးက သူ့ဖုန်းနဲ့ ဗွီဒီယိုရိုက်ထားတာလေးပါ။ ညတွေမှာ ဘာကြောင့် သူအိပ်ရေးမ၀လဲဆိုတာကို သရုပ်ပြဖို့တဲ့။ ညနက်လာလေ ကျနော့်ဟောက်သံ ပိုပြင်းလာလေမို့ သူ့မှာ ဟောက်သံပျောက်အောင် လုပ်ရတာ ပိုခက်လာလေပဲတဲ့။

"မကြာခဏဆိုသလို မဆိုစလောက် လှုပ်ရှားမှုလေး ဒါမှမဟုတ် ဖွဖွလေး တွန်းပေးတာကတောင် ဟောက်တာကို ရပ်သွားစေပါတယ်။ လေးငါးမိနစ်လောက် ကြာတဲ့အခါ ပြန်ဟောက်တာက ပြဿနာတခုပါ။ ဟောက်တာရပ်အောင် ကိုယ့်အဖော်ကို တညလုံး တွန်းပေးနေဖို့ကတော့ ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ဘူးလေ။"

ဒါပေမယ့် ခုဆိုရင် ကျနော် ဟောက်နေသလားဆိုတာ အမြဲတမ်း စစ်ဆေးပေးနိုင်မယ့် ကိရိယာသစ်တမျိုးကို တီထွင်လိုက်ပါပြီ။ နိုရာလို့ခေါ်တဲ့ ဒီကိရိယာလေးရဲ့ အလုပ်ကတော့ ဟောက်သံကို နားထောင်ပြီး ကျနော့်ဇနီး လန့်နိုးပြီး မပေါက်ကွဲခင် ကျနော့်ကို တွန်းပေးပါတယ်။

"နိုရာက ကိုယ့်အဖော်မကြားနိုင်လောက်တဲ့ ဟောက်သံထိ နားထောင်ပေးမှာပါ။ ဒီတော့ ဟောက်သံက ကိုယ့်အဖော် နိုးသွားလောက်အောင် ကျယ်မလာခင် ခေါင်းအုံးကို တွန်းပေးပြီး ဟောက်သံကို လျှော့ချပေးတဲ့အတွက် ကိုယ်ရော အဖော်ပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တော့ပေါ့။"

ဒီစက်လေးရဲ့ အလုပ်လုပ်ပုံတော့ ဒီလိုပါ။ အိပ်ရာဘေးက မော်နီတာက ဟောက်သံကို နားထောင်ပေးမှာပါ။ ဟောက်သံသိပ်ကျယ်လာပြီဆိုမှ မော်နီတာက ကြိုးမဲ့စနစ်ကတဆင့် ခေါင်းအုံးအောက်က ဖျာထဲကို လေမှုတ်သွင်းဖို့ ပန့်ကို နှိုးဆော်လိုက်မှာပါ။ ဒီလိုနဲ့ ခေါင်းအုံးက ရွေ့သွားပြီး ဟောက်နေသူရဲ့ လေပြွန်ကြွက်သားတွေကို နှိုးဆွပြီး ဟောက်သံတိတ်အောင် လုပ်လိုက်ပါတော့တယ်။ ဒါက ဟောက်သူရော သူ့ရဲ့အဖော်ပါ နိုးမသွားစေဘဲ ဆောင်ရွက်သွားတာပါ။ ဟယ်ရီရိနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ လကျော်ကတည်းက သူတို့ရဲ့ရှေ့ပြေးပုံစံကို စမ်းသပ်ခဲ့တာပါ။ စမ်းသပ်ကာလ ပြီးသွားတာတောင်မှ အစမ်းသပ်ခံကြသူတွေက ဒီစက်ကို ပြန်ပေးဖို့ ငြင်းဆန်ကြတဲ့ထိ နိုရာက ကောင်းကောင်းအသုံးခံခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ အသုံးပြုသူ အမျိုးမျိုးကို စမ်းသပ်ဖို့ အလုံးရေ အကန့်အသတ်နဲ့ ထုတ်ထားတာ။ စမ်းသပ်မှုပြီးလို့ ပြန်တောင်းတဲ့အခါ တော်တော်တောင်းယူရတယ်ဗျာ။"

နိုရာကို တီထွင်သူတွေဟာ လောလောဆယ်မှာ ရန်ပုံငွေ ရှာနေရဆဲပဲ ရှိပါသေးတယ်။ ခုချိန်ထိ ရင်းနှီးမတည်ငွေ ဒေါ်လာ ၃ သိန်း ၇ သောင်း ၅ ထောင် ရရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013