DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်ကို ကေအန်ယူ တိုက်တွန်း
DVB
·
November 13, 2015
ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်ကို ကေအန်ယူ တိုက်တွန်း
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ (အန်အယ်လ်ဒီ) ပါတီအနေနဲ့ အစိုးရ ဖြစ်ပေါ်လာပါက စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားဖို့ အထူးမျှော်မှန်းထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ပေးတို့တဲ့ အဲဒီစာမှာ ဖော်ပြထားတာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်နေရာ အများဆုံးရတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ဖော်ပြထားပါတယ်။

နှစ်ပေါင်းများစွာ ပြည်သူတွေ မျှော်မှန်းတမ်းတတဲ့ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေး တွေ့မြင်နေရပြီလို့လည်း စာထဲမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ရော၊ ကေအန်ယူအနေနဲ့ရော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့ပါ အနာဂတ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ဆန္ဒပြုထားပါတယ်။

Siporasan to DASSk

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013