DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝေဠု ပြန်လွတ်
DVB
·
November 13, 2015
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝေဠု  ပြန်လွတ်
Donate to DVB

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မိကျောင်းကန်ပြည်သူတွေကို ကူညီခဲ့လိုဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ကိုဝေဠု ဒီကနေ့ မနက် ပြန်လွတ်လာပါတယ်။

မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြနေသူတွေကို ကူညီပေးလို့ဆိုပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပုဒ်မ ၅ဝ၅ (ခ) နဲ့   ကျောက်တံတားမြို့နယ်တရားရုံး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီကနေ့မှာ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးဝင်းချိုက ပြောပါတယ်။

“သူက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထောင်ဒဏ် ၁ နှစ်ကျပါတယ်။ ပုံမှန်လျော့ ရက်တွေတော့ ခံစားခွင့်ရပါတယ်။ ထောင်ပိုင်က သီးသန့်ထပ်ပေးလို့ရတဲ့ လျော့ရက်တွေ မရပါဘူး။ တကယ်လို့ အဒီလျော့ရက်ရရင်တော့ ဒီထက်စောပြီး ပြန်လွတ်နိုင်ပြီး ရွေးကောက်ပွဲ မီတာပေါ့။”

ပြန်လွတ်လာသူ ကိုဝေဠုကတော့ ထောင်ဆိုတာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဒုတိယ အိမ်ဖြစ်နေတယ်လို့ ပြောပါတယ်။

“အုပ်ချုပ်သူ အာဏာပိုင်က သူ့အလုပ်သူလုပ်တာဗျာ။ ကျနော်တို့ကလည်း ကျနော်တို့ ယုံကြည်ချက်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးနစ်နာဆုံးရှုံးမှုကို ပြောရမယ်ဆိုရမယ့် လုပ်ရမယ့်လုပ်ငန်းတွေကို ကျနော်တို့လုပ်တာ။ သူ့အလုပ်သူလုပ်ပြီး ကိုယ့်အ လုပ်ကိုယ်လုပ်တဲ့ အခြေအနေတခုအပေါ်မှာ ထူးပြီး ဘာမှတော့ မခံစားရပါဘူး။ အာဏာရှင်စနစ်ပေါ်မှာ သာယာနေတဲ့ လူတန်းစားတွေ၊ အုပ်ချုပ်သူ အစိုးရလူတန်းစားမှာ ရှိနေသရွေ့ ကျနော်တို့ တက်ကြွလှုပ်ရှားတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အဖိနှိပ်ခံ ပြည်သူတွေအနေနဲ့ ထောင်ဆိုတာက ဒုတိယအိမ်လိုပဲဖြစ်နေဦးမှာပါပဲ။ ကျနော်တို့ ဒုတိယအိမ်ကနေ မိဘအိမ်ကို ပြန်လာတဲ့သဘောပါပဲ။ ”

ကိုဝေဠုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် ဒုတိယရဲမှူးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ထောင်ပြန်လွတ်လာချင်းမှာ အိမ်ကိုမပြန်ဘဲ လသာမြို့နယ်တရားရုံးမှာ ဒီကနေ့ အမိန့် ချမှတ်ခံရဖို့ရှိနေတဲ့ မိကျောင်းကန်ပြည်သူတွေဆီကို သွားရောက်အားပေးနေတယ်လို့ ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013