DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတ ဖုန်းဆက်ဂုဏ်ပြု
DVB
·
November 12, 2015
ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတ ဖုန်းဆက်ဂုဏ်ပြု
Donate to DVB

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မနက်က တယ်လီဖုန်းနဲ့ ဆက်သွယ် ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကထုတ်ပြန်ပါတယ်။

ပြင်သစ်သမ္မတဟာ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ အပေါ် ဝမ်း မြောက်ကြောင်းနဲ့ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုး လာစေဖို့ ခိုင်မာပြတ်သားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ စိတ်ဓါတ်ကို ချီးကျုးဂုဏ်ပြုခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုလေးစားလိုက်နာပြီး နိုင်ငံရေးနှင့် ဘာသာရေး တင်းမာမှုတွေ လျှာ့ကျလာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလားတဲ့ ဆက်လက်ဆောင် ရွက်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေကို သတိနဲ့ စောင့်ကြည့်နေတယ်လို့လည်း ပြင်သစ်သမ္မတကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013