DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်မည်ဟု တပ်မတော်ခေါင်းဆောင်ပြောကြား
DVB
·
November 12, 2015
အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်မည်ဟု တပ်မတော်ခေါင်းဆောင်ပြောကြား
Donate to DVB

ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး စတဲ့ အဓိက တာဝန်တွေ ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမမှာ နိုဝင်ဘာ ၁၁ ရက်က ကျင်းပတဲ့ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ  အစည်းအဝေးမှာ ပြောကြားခဲ့တာလို့  ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု၏ နားလည်ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာတွင် အချို့မှားယွင်း လုပ်ဆောင်မှုများရှိနိုင်ကြောင်း၊ ယင်းမှာလည်း ရိုးသားစွာ မှားယွင်းလုပ်ဆောင်ခြင်းဖြစ်သလို ကြိုတင်မဲနှင့်စပ်လျဉ်း၍ မိမိတို့စည်းကမ်းနှင့်အညီ အမှန်အတိုင်းဆောင်ရွက်ခဲ့ကြောင်း၊ မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်”လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရေး၊ ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့မှ ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆက်လက် ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် တစ်ဖက်မှာ  Standard Army ဖြစ်စေရန် ဆက်လက်လုပ်ဆောင်ကြရမယ်လို့ လည်းပြောသွားပါတယ်။

ဒီအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊   ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီဝင်တွေနဲ့ တပ်မတော်စည်းရုံးရေးကော်မတီဝင် တွေ  တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ မိသားစုဝင်တွေက  လွတ်လပ်စွာ မှန်မှန်ကန်ကန် ရွေးချယ်မဲပေးခဲ့ကြတဲ့အတွက် ဂုဏ်ပြုချီးကျူးကြောင်းလည်း တပ်မတော် အကြီးအကဲကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်နဲ့ပတ်သက်လို့တော့ေ၇ွးကောက်ပွဲလုပ်ငန်းတွေ အပြီးမှာ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013