DVB Logo
Home
မြန်မာသတင်း
လမ်းအန္တရာယ်ကင်းရှင်းရေး ထိရောက်စွာမဆောင်ရွက်ပါက ၅ နှစ်အတွင်း သေဆုံးနှုန်း နှစ်ဆတိုးမည်
DVB
·
November 12, 2015
လမ်းအန္တရာယ်ကင်းရှင်းရေး ထိရောက်စွာမဆောင်ရွက်ပါက ၅ နှစ်အတွင်း သေဆုံးနှုန်း နှစ်ဆတိုးမည်
1 / 2
Donate to DVB

လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိထိရောက်ရောက်မဆောင်ရွက်ရင် နောက် ၅ နှစ်အတွင်း လမ်း အန္တရာယ်ကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် သယ်ယူပို့ဆောင်ရေး ပညာရှင်က ပြောပါတယ်။

“၂၀၁၄ ခုနှစ်အတွင်း လမ်းအန္တရာယ်ကြောင့် လူ ၄၃၀၀ လောက်သေဆုံခဲ့ပြီး ဒါကို ထိထိရောက်ရောက်မဆောင်ရွက်ဘူးဆိုရင် လာမယ့် ငါးနှစ်အတွင်းမှာ သေဆုံးမှုနှုန်းဟာ နှစ်ဆ တိုးလာပါလိမ်မယ်” လို့ သယ်ယူပို့ဆောင်ရေး ပညာရှင် အေဒရီယန် ဗီရွန် အိုကာမိုတိုက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း လမ်းကွန်ရက်အခြေအနေက သယ်ယူပို့ဆောင်တဲ့အခါ နှောင့်နှေးစေပြီး ကုန်ကျစရိတ်လည်း ပိုများစေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးတော့ မြန်မာနိုင်ငံတွင်း လမ်းကွန်ရက် စီမံခန့်ခွဲမှုနဲ့ အန္တရာယ်ကင်းရေးတို့အတွက် အမေရိကန် ၂ သန်းအကူအညီပေးဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အတည်ပြု လိုက်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စတင်မယ့် ဒီအစီအစဉ် အထောက်အပံ့ကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် တည်ထောင်ထားတဲ့ ဂျပန်နိုင်ငံရန်ပုံငွေက တဆင့်ပေးအပ်တာဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်က စီမံမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013