DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ဆူနာမီမိလို့ ကျားခေါင်းပါတီ ထင်သလောက် အနိုင်မရဟုဆို
DVB
·
November 11, 2015
အန်အယ်လ်ဒီ ဆူနာမီမိလို့ ကျားခေါင်းပါတီ ထင်သလောက် အနိုင်မရဟုဆို
Donate to DVB

ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချူပ် ​(အက်စ်အန်အယ်လ်ဒီ) ​ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃ ပုံ ၁ ပုံလောက်ပဲ အနိုင်ရခဲ့တယ်လို့ ​အထွေထွေ အတွင်းရေးမှူး ​ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၅၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာ ၄၀ လောက်ပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပါတီအနေနဲ့ အန်အယ်လ်ဒီ ဆူနာမီမိပြီး မျှော်မှန်းထားသလောက် အနိုင်မရခဲ့ဘူးလို့ သူက ပြောပါတယ်။

“ရည်မှန်းထားသလောက် မပြည့်မီဘူး၊ ကျနော်တို့ မျှော်မှန်းထားသလောက် မရပါဘူး၊ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။ ကျနော်တို့လည်းပဲ အန်အယ်လ်ဒီ ဆူနာမီ မိသွားတာပေါ့။ အန်အယ်လ်ဒီက အများကြီးပဲ ၀င်ရောက်နေရာယူသွားတာ ရှိပါတယ်။ အရင်တုန်းကတော့ အန်အယ်လ်ဒီ အခြေအနေကြည့်ပြီးတော့ တောင်ပြိုကမ်းပြို နိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သို့သော်လည်းပဲ လူထုရဲ့ သဘောထားကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမှတ်တံဆိပ်အောက်မှာ သွားခဲ့တယ်လို့ ထင်ပါတယ်။”

အက်စ်အန်အယ်လ်ဒီ​ပါတီဟာ ပြည်သူ့လွှတ်တော်နေရာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်နေရာ ၃ နေရာ၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာ ၂၅ နေရာ စုစုပေါင်း နေရာ ၄၀ မှာ လတ်တလော အနိုင်ရရှိထားပါတယ်။

အက်စ်အန်အယ်လ်ဒီလို့ ခေါ်တဲ့ ကျားခေါင်းပါတီဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013