DVB Logo
Home
ပညာရေး/နည်းပညာ
သ​င်္ဘောသား​ရာထူး​တိုး​စာ​မေး​ပွဲ မ​ရေရာ
DVB
·
July 5, 2011
Donate to DVB

ရေ​ကြောင်း​ကောလိပ်နဲ့​ ​ရေ​ကြောင်း​ဦး​စီး​ဌာနကြား​မှာ ဖြစ်​နေတဲ့​ ပြဿနာ​ကြောင့်​ သ​င်္ဘောသား​တွေရဲ့​ ရာထူး​တိုး​ စာ​မေး​ပွဲ​တွေကို ဆိုင်း​ငံ့​ထား​ရတာ နစ်နာတယ်လို့​ သင်္ဘောသား​တွေက ​ပြောပါတယ်။

ပုံမှန်ဆိုရင် ပထမတန်း​အရာရှိသင်တန်း​နဲ့​ ဒုတိယတန်း​အရာရှိသင်တန်း​တွေကို ဇွန်လမှာ သင်တန်း​ဖွင့်​တာနဲ့​ စာ​မေး​ပွဲစစ်တာ​တွေ လုပ်​လေ့​ရှိ​ပေမယ့်​ ဒီနှစ်မှာ​တော့​ အခုချိန်ထိ မ​ရေမရာ ဖြစ်​နေတာပါ။

ဒုတိယတန်း​အရာရှိ သင်တန်း​တက်ဖို့​ ​စောင့်​နေတဲ့​ သ​င်္ဘောသား​တ​ယောက်က "ဘယ်လိုနစ်နာသလဲဆို​တော့​ ကျ​နော်အပါအဝင်၊​ လူ​ပေါင်း​ ၁၀၀ ​ကျော် ၂၀၀ ​လောက်က ဒီသင်တန်း​တက်ဖို့​ ​စောင့်​နေရတယ်။ သင်တန်း​ဖွင့်​ဖို့​ မ​ရေရာလို့​ စရိတ်ကုန်တယ်။ တချို့​ဆို မ​ရေရာလို့​ သ​င်္ဘော ပြန်လိုက်သွား​တဲ့​လူ​တွေရှိတယ်။ ဒီသင်တန်း​အောင်ပြီး​ရင် သ​င်္ဘောမှာ ရာထူး​တိုး​မယ်၊​ အလုပ်အကိုင်အဆင်​ပြေမယ်​ပေါ့​။ အခု​တော့​ ရန်ကုန်မှာပဲ ထိုင်​စောင့်​နေရ​တော့​ အလုပ်လည်း​မရှိဘူး​၊​ ပိုက်ဆံကုန်တာ​ပေါ့​" လို့​ ​ပြောပါတယ်။

ဒီလိုမျိုး​ သင်တန်း​ဖွင့်​မယ့်​အချိန်ကို ​စောင့်​နေတဲ့​လူ​တွေ ရာချီရှိသလို၊​ သင်တန်း​တက်ထား​ပြီး​မှ စာ​မေး​ပွဲ​ဖြေဖို့​ ​စောင့်​နေသူ​တွေလည်း​ ရာချီရှိတယ်ဆိုပါတယ်။

အရင်တုန်း​က ၆ လကြာတဲ့​ ဒီသင်တန်း​တွေကို ​ဒေါပုံ​ရေ​ကြောင်း​ ဦး​စီး​ဌာနဝင်း​ထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့​ (Pacific Glory International) က သိန်း​ (၄၀) ယူ ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ ပိုက်ဆံတက်နိုင်တဲ့​ လူ​တွေက တက်ကြပါတယ်။

ငွေ​ကြေး​မတက်နိုင်တဲ့​လူ​တွေက ​ဈေး​ပိုသက်သာတဲ့​ ​ရေ​ကြောင်း​ကောလိပ်မှာပဲ အလား​တူ သင်တန်း​ကို တက်ကြပါတယ်။

ဒါ​ပေမယ့်​ ​ရေ​ကြောင်း​ဦး​စီး​ဌာနက စာ​မေး​ပွဲစစ်တဲ့​အခါမှာ သိန်း​ (၄၀) ယူပြီး​ဖွင့်​တဲ့​ သင်တန်း​က သင်တန်း​သား​တွေက အ​အောင်များ​တာ​ကြောင့်​ တိုင်တန်း​မှု​တွေ ဖြစ်လာပြီး​နောက်ပိုင်း​မှာ အခုလို အချိန်ကြန့်​ကြာတာ​တွေ ဖြစ်​နေတာပါ။

သ​င်္ဘောသား​တွေက ​ရေ​ကြောင်း​ကောလိပ် (Myanmar Mercantile Marine College) နဲ့​ ​ရေ​ကြောင်း​ ဦး​စီး​ဌာနနဲ့​ ပြဿနာဖြစ်တာ​ကြောင့်​ သူတို့​ကြား​ ညှပ်​နေရတာလို့​ ယုံကြည်​နေကြတယ်လို့​ ဒုတိယတန်း​အရာရှိ သင်တန်း​တက်ဖို့​ ​စောင့်​နေတဲ့​ သ​င်္ဘောသား​က ​ပြောပါတယ်။

"​ရေ​ကြောင်း​ကောလိပ်နဲ့​ ​ရေ​ကြောင်း​ဦး​စီး​ဌာန သူတို့​အချင်း​ချင်း​ ပြဿနာဖြစ်တာ ကျ​နော်တို့​က ကြား​ထဲက ခံ​နေရတယ်။ ဝန်ကြီး​ကလည်း​ ပုဂ္ဂလိကသင်တန်း​ကိုလည်း​ ခဏရပ်ခိုင်း​ထား​တယ်ကြား​တယ်။ ​မေး​ခွန်း​ကို သူတို့​စစ်မယ်၊​ ငါတို့​စစ်မယ်ဖြစ်​နေတယ်။ ​ကျောင်း​သား​တွေက ဘာ​ကြောက်​နေသလဲဆိုရင် ​ရေ​ကြောင်း​ကောလိပ်မှာ တက်တဲ့​လူ​တွေကို၊​ ​မေး​ခွန်း​ကို သတ်လိုက်ရင် ​ကျောင်း​သား​တွေက မ​အောင်ဘဲနဲ့​ တချို့​ဆို တနှစ်​ကျော်၊​ နှစ်နှစ်ကြာတယ်၊​ အဲလိုမျိုး​ဆို​တော့​ မ​နေနိုင်ဘူး​။ သူတို့​အချင်း​ချင်း​လည်း​ မတည့်​တော့​ ညှိနှိုင်း​လို့​မရဘူး​။"

ဒီကိစ္စနဲ့​ပတ်သက်လို့​တော့​ ဒီဗွီဘီက သီး​ခြား​အတည်မပြုနိုင်​သေး​ပါဘူး​။

ဒေါပုံ​ရေ​ကြောင်း​ကောလိပ်ကို ဆက်သွယ်​မေး​မြန်း​တဲ့​အခါမှာ​တော့​ သင်တန်း​ဖွင့်​မယ့်​ရက်ကို အတိအကျမ​ပြောနိုင်​ပေမယ့်​ စာရင်း​တော့​ စလက်ခံ​နေပြီလို့​ ​ပြောပါတယ်။

“ဒုတိယတန်း​အရာရှိသင်တန်း​က ကျ​နော်တို့​ ဒီလထဲ​လောက် ဖြစ်ဖြစ်၊​ ဒီလအ​ကျော် ပထမပတ်​လောက်ပဲဖြစ်ဖြစ် ​ဖောင်​ရောင်း​မယ်လို့​တော့​ ကြား​ထား​တယ်။ ကျ​နော်တို့​က နာမည်​ပေး​ထား​တယ်။ ​ဖောင်စရပြီဆိုရင် ဒုတိယတန်း​အရာရှိ သင်တန်း​အတွက် ​ဖောင်​တွေ စပြီး​လက်သင့်​ခံ​နေပြီဆိုရင် ဖုန်း​ဆက်​ပေး​မယ်။ ကျ​နော်တို့​က သင်တန်း​ကြေး​ကျ​တော့​ ​အောင်သွား​ပြီဆိုရင် သိန်း​လေး​ဆယ်။ သိန်း​လေး​ဆယ်ကို အရစ်ကျသွင်း​ရတယ်။ နှစ်ခါခွဲသွင်း​ရတယ်။”

ကောလိပ်နဲ့​ ဦး​စီး​ဌာနကြား​မှာ ဒီလိုမျိုး​ ပြဿနာ​တွေရှိ​နေတယ်လို့​ ယုံကြည်တာ​ကြောင့်​ အကယ်၍ သင်တန်း​ပြန်ဖွင့်​ ဖြစ်ရင်​တောင် ဘယ်သင်တန်း​ကို တက်ရမလဲ၊​ သိန်း​ချီ​ပေး​ရတဲ့​ သင်တန်း​က အချိန်ကုန်၊​ ​ငွေကုန်ဖြစ်သွား​မလား​ဆိုတာကို သ​င်္ဘောသား​တွေက စိုး​ရိမ်​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013