DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာ/ချုပ်နှင့် လွှတ်တော်နာယက တို့ကို တွေ့ဆုံခွင့် တောင်းဆို
DVB
·
November 11, 2015
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာ/ချုပ်နှင့် လွှတ်တော်နာယက တို့ကို တွေ့ဆုံခွင့် တောင်းဆို
1 / 4
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ၃ စောင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ခြင်းဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ ပြည်သူလူထုရဲ့ နှလုံးစိတ်ဝမ်းအေးချမ်းရေးအတွက် အလွန်အရေးကြီးတာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း လာမယ့်အပတ်အတွင်း အဆင်ပြေမယ့်အချိန်တွင် တွေ့ဆုံခွင့်ရရေး စီစဉ်ပေးဖို့ အကြောင်းကြားစာမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013