DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ပုဗ္ဗသီရိတွင် မဲပြန်ရေတွက်ရန် အကြောင်းကြား
DVB
·
November 10, 2015
နေပြည်တော် ပုဗ္ဗသီရိတွင် မဲပြန်ရေတွက်ရန် အကြောင်းကြား
Donate to DVB

မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိက မဲရုံ ၃ ရုံမှာ မဲတွေ ပြန်ရေတွက်ဖို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် ဦးရည်မွန်ကို အကြောင်းကြားထားပါတယ်။

မြို့နယ် ကော်မရှင်က တယ်လီဖုန်းနဲ့ နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ အကြောင်းကြားလာတာ ဖြစ်ပြီး စာနဲ့ ဆက်သွယ်အကြောင်းကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

လယ်သာ ကျေးရွာအုပ်စု၊ မင်္ဂလာဒီပ ရပ်ကွက် (၁)၊ မင်္ဂလာဒီပ ရပ်ကွက် (၂) မဲရုံတွေမှာ မဲပြန်ရေတွက်ဖို့ အကြောင်းကြားလာတာ ဖြစ်သလို အန်အယ်လ်ဒီကတော့ ဒီလို ရေတွက်ဖို့ ကန့်ကွက်ထားတယ်လို့ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောပါတယ်။

“သူတို့က မဲရုံအတွင်းမှာ ကျနော်တို့ အန်အယ်လ်ဒီပါတီကို ဘက်လိုက်ပြီး ထောက်ခံပေးတယ်ဆိုတဲ့ အချက်နဲ့ ရေခိုင်းတာဆိုတော့ ကျနော်တို့က မခံလို့ ကန့်ကွက်ထားတယ်” လို့ ဦးအောင်အောင်က ပြောပါတယ်။ ဒီကိစ္စကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဦးရည်မွန် ခေါ် ကဗျာဆရာ မောင်တင်သစ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး မဲအရေအတွက် ၁၀၀ aကျာ်နဲ့ အနိုင်ရထားသလို ပုံစံ ၁၉ကို လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013