DVB Logo
Home
မြန်မာသတင်း
၇၈ နေရာအနက် ၅၄ နေရာရရှိကြောင်း ရခိုင်အမျိုးသားပါတီပြော
DVB
·
November 10, 2015
၇၈ နေရာအနက် ၅၄ နေရာရရှိကြောင်း ရခိုင်အမျိုးသားပါတီပြော
1 / 2
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံတ၀ှမ်း ၇၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ၅၅ နေရာ အနိုင်ရတယ်လို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ပြည်နယ်အမတ်  ၂၄ နေရာ၊ ချင်းပြည်နယ် ပလက်ဝမှာ  ပြည်နယ်လွှတ်တော် ၂ နေရာ ရပါတယ်။ ရန်ကုန်တိုင်းမှာ ပြည်နယ်လွှတ်တော် ၁ နေရာ ရတယ်။ ရခိုင်ပြည်နယ်မှာ အမျိုးသားလွှတ်တော်အမတ်က ၁၁ နေရာ ရတယ်။ ချင်းပြည်နယ် ပလက်ဝမှာ ၂ နေရာအားလုံး ၁၃ နေရာရတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ၁၃ ရတယ်။ ရခိုင်မှာ ၁၂၊ ပလက်ဝ ၁ ဆိုတော့ ၁၃ ဖြစ်မယ်။ ”

ရခိုင်ပြည်နယ် မာန်အောင်၊ တောင်ကုတ်၊ အမ်း၊ သံတွဲ နဲ့ ဂွမှာ ပြည်သူ့လွှတ်တော်  နေရာမရခဲ့ပါဘူး။ ဒါပေမယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တောင် ၂ ခု ပေါင်းရင် ပြည်ထောင်စုလွှတ်တော်နေရာ ၂၆ နေရာ ရတယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မြို့ပေါ်တွေမှာ လွတ်လပ်တရားမျှတမှု ရှိခဲ့ပေမယ့် နယ်တွေနဲ့ ကျေးရွာအစွန်အဖျားတွေမှာတော့ ဖိအားပေးမှုတွေ ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“လွတ်လပ်တဲ့နေရာတွေလည်း ရှိတယ်။ မလွတ်လပ်တဲ့ အစွန်အဖျားနေရာတွေလည်း ရှိတယ်။ ဖိအားတွေလည်း ရှိတာပေါ့။ နေရာကို လိုက်ပြီးမှ ပြောလို့ရမှာပေါ့ မြို့ကြီးတွေမှာ လွတ်လပ် တရားမျှတကြောင်းကို အားလုံးမြင်ကြတွေ့ကြတယ်လေ။ ဒါပေမယ့် ကျေးလက်တွေ မှာ အုပ်ချုပ်ရေး ယန္တရားတွေရဲ့ ဖိအားတွေလည်း ရှိတယ်။ ကျနော်တို့ ကြားတာက အမ်းဆိုရင် ဒီလို ဖိအားများပါတယ်။”

12234961_165932443757108_3421236034221065924_nအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ရခိုင်ပြည်နယ် အာလုံးဝင်ရောက်ယှဉ်ပြိုင်ရာမှာ လောလောဆယ်အထိ ၄ မြို့နယ် အနိုင်ရထားတယ်လို့ ပြည်နယ်ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။

အနိုင်ရရှိထားတဲ့ မြို့နယ်တွေကတော့ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ မန်အောင်မြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီအထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ပြီး ရွေးကောက်ပွဲမဲရလဒ်အရမှာတေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က   ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်နှစ်ရပ်ပေါင်း ၁၃၁ နေရာ အနိုင်ရနေပြီး ကြံ့ခိုင်ရေးပါတီက ၆ နေရာ အနိုင်ရနေ ပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်နယ် လွှတ်တော်မှာ ၂ နေရာနဲ့  မွန်အမျိုးသားပါတီက ၁ နေရာ အနိုင်ရပြီး ၀ ဒီမိုက ရက်တစ်ပါတီက ပြည်သူ့လွှတ်တော် ၁ နေရာအနိုင်ရနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013