DVB Logo
Home
မြန်မာသတင်း
အောင်မြင်မှုအကြောင်းပြပြီး ဧည့်ခံပွဲကျင်းပတာ ရှောင်ကြဉ်ရန် အန်အယ်လ်ဒီ ညွှန်ကြား
DVB
·
November 10, 2015
အောင်မြင်မှုအကြောင်းပြပြီး ဧည့်ခံပွဲကျင်းပတာ ရှောင်ကြဉ်ရန် အန်အယ်လ်ဒီ ညွှန်ကြား
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အောင်နိုင်မှုကို အကြောင်းပြုပြီး ဧည့်ခံပွဲတွေကို ကျင်းပတာကို ရှောင်ကြဉ်ကြဖို့ ပါတီဗဟိုက ညွန်ကြားလိုက်ပါတယ်။

အောင်နိုင်ရေးကို အကြောင်းပြုပြီး ပွဲလမ်းတွေ ကျင်းပတာ၊ စီတန်းလှည့်လည်ဟစ်ကြွေးတာ၊ ကျယ်လောင်တဲ့ အသံချဲ့စက်ဖွင့်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတာ၊ ပြိုင်ဖက် ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ကဲ့ရဲ့ ပစ်တင်ခြင်း အပြုအမူတွေကို ရှောင်ရှားကြဖို့လည်း ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ရွေးချယ်ခံ အမတ်တွေအနေနဲ့ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ အင်တာနက်နဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှာ အကျယ်တ၀င့် ရေးသားဖော်ပြခြင်းတို့ကိုလည်း ရှောင်ရှားကြဖို့ ပါတီ ဗဟိုရဲ့  ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ကောင်းမွန်တဲ့ ရလဒ် အလားအလာတွေနဲ့ ပတ်သက်လို့ ကျေနပ်ဝမ်းမြောက်နေပေမယ့် တရားဝင် အောင်နိုင်ရေးစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာချက် ထုတ်ပြန်မှပဲ အတည်ပြုနိုင်မယ့် အကြောင်းလည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013