DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီးတွင် အန်အယ်လ်ဒီ မဲဆန္ဒနယ်အများဆုံးအနိုင်ရ
DVB
·
November 10, 2015
ဧရာဝတီတိုင်းဒေသကြီးတွင် အန်အယ်လ်ဒီ မဲဆန္ဒနယ်အများဆုံးအနိုင်ရ
Donate to DVB

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧရာဝတီတိုင်းဒေသကြီးမှာ ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်အနေနဲ့ မဲဆန္ဒနယ်မြေ ၉၂ နေရာမှာ ၈၉ နေရာနဲ့ ဦးဆောင်နေပါတယ်။ အခု အနိုင်ရသွားတဲ့ နေရာတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် အနိုင်ရမယ်လို့ ကြွေးကြော်ထားတဲ့ အင်္ဂပူ မဲဆန္ဒနယ်လည်း ပါဝင်နေပါတယ်။

အခုလိုပြောနိုင်တာဟာ မဲဆန္ဒနယ်တွေမှာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ဆန္ဒမဲပေးမှု ထက်ဝက်ကျော်လောက် ရရှိထားလို့ ပြောနိုင်တာဖြစ်ပြီး မကြာခင် စာရင်းအသေးစိတ် ဖော်ပြပေးသွားမယ်လို့ အန်အယ်လ်ဒီပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီအနေနဲ့ လက်ရှိအချိန်ထိ ပြည်သူ့လွှတ်တော်မှာ ၂၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ မှာ ၂၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှာ ၂၆ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိချိန်ထိ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁ ကရင်တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013