DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် စစ်တပ်ကြိုတင်မဲများ ဥပဒေနှင့်မညီ၍ပါတီ ၄ ခုကန့်ကွက်
DVB
·
November 9, 2015
တောင်ကြီးမြို့တွင် စစ်တပ်ကြိုတင်မဲများ  ဥပဒေနှင့်မညီ၍ပါတီ ၄ ခုကန့်ကွက်
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရပခနဲ့ ထောက်ပို့ အမှတ် ၂၂၂ စစ်တပ်က ပေးပို့လာတဲ့ ကြိုတင်မဲတွေ စည်းကမ်းဥပဒေနဲ့ မညီတဲ့အတွက် ပါတီ ၄ ခု ပူးပေါင်းပြီး နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ  ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲတွေဟာ  မနက် ၆ နာရီ မဲရုံဖွင့်တာနဲ့ ရောက်နေရမှာဖြစ်ပြီး  ညနေ ၄ နာရီနောက်ပိုင်း လက်မခံရဘူးလို့ ဆိုပေမယ့်လည်း အချိန်လွန်မှ  ထပ်မံ ပေးပို့လာသလို  ကျေးရွာတွေမှာလည်း ရွာလုံးကျွတ် ကြိုတင်မဲပေးခိုင်းတာတွေ ရှိနေတဲ့အတွက်  ကန့်ကွက်ခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်အမတ်လောင်း ဒေါ်နန်းမြဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဥပဒေနဲ့ မညီတဲ့ ကြိုတင်မဲကိစ္စ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဆီ အရင်တိုင်ကြားခဲ့ပြီး မြို့နယ်ကော်မရှင်ကလည်း ထည့်မရဘူးလို့ အကြောင်းပြန်ပါတယ်။ ဒါပေမယ့် ကျမတို့ တာဝန်ရှိသူတွေ မဲရေဖို့ ရောက်သွားတဲ့အခါ အဲဒီမဲထုတ်တွေ ပြန်ပါလာတယ်။  ပြည်တွင်း၊ ပြည်ပကြိုတင်မဲဆိုတာလည်း ပါသေးတယ်။  ပြီးတော့ ရွှေညောင် မင်္ဂလာအောင်မြေ ရပ်ကွက်မဲရုံမှာ မဲရေတော့ နဂိုက ပေးထားတဲ့ ကြိုတင်မဲ အရေအတွက်ထက် များနေတယ်။ သံတွဲကျေးရွာမှာလည်း ကြိုတင်မဲကို သတ်မှတ်ထားတဲ့ရက်ထက်စောပြီး ကောက်ထားတယ်။ ရေပူဆိုတဲ့ရွာမှာလည်း ရွာလုံးကျွှတ်နီးပါး အချိန်လွန်တဲ့အထိ ကြိုတင်မဲ ကောက်ယူတယ်။  ဒါကြောင့် ကျမတို့ ပါတီ ၄ ခု ပူးပါင်း ကန့်ကွက်လိုက်ပြီး တရားမ၀င်မဲတွေကို ပြန်လည်စစ်ဆေးပြီး ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။”

ဒီပြဿနာကို မြို့နယ်ကော်မရှင်ရုံးဆီ အရင်တင်ပြခဲ့ပေမယ့် ဘက်လိုက်တယ်လို့ ယူဆမိကြောင်း၊ တနေကုန် စောင့်ဆိုင်းသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ခုလို နေပြည်တော်ထိ စာတင်ဖို့ ဖြစ်လာတာလို့ သူက ဆက်ပြောပါတယ်။

တောင်းဆိုတဲ့အထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အတိုက်အခံပါတီ များဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ထောင်စုပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ပါတီ ၄ ခု ပူးပေါင်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013