DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး၏ဇနီး ဒေါ်သန္တာ အိမ်မဲမြို့နယ်တွင် ရွေးကောက်ပွဲအနိုင်ရ
DVB
·
November 9, 2015
ကိုပါကြီး၏ဇနီး ဒေါ်သန္တာ အိမ်မဲမြို့နယ်တွင် ရွေးကောက်ပွဲအနိုင်ရ
Donate to DVB

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်သန္တာလည်း ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တာ အနိုင်ရတယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်သန္တာဟာ မနှစ်က စစ်တပ်အချုပ်မှာ သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီး ဖြစ်ပါတယ်။  အိမ်မဲမြို့နယ်မှာ အန်အယ်လ်ဒီက နေရာ ၅ ခုစလုံးမှာ အနိုင်ရတယ်လို့လည်း ဒေါ်သန္တာက ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်အနေနဲ့ မဲဆန္ဒနယ်မြေ ၉၂ နေရာမှာ ၈၉ နေရာနဲ့ ဦးဆောင်နေတယ်လို့  ဧရာဝတီတိုင်းဒေသကြီး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013