DVB Logo
Home
မြန်မာသတင်း
ကွယ်လွန်သူ မြင်းမူမြို့နယ် အဖွဲ့ချုပ် အမတ်လောင်းအနိုင်ရရှိ
DVB
·
November 9, 2015
ကွယ်လွန်သူ မြင်းမူမြို့နယ် အဖွဲ့ချုပ် အမတ်လောင်းအနိုင်ရရှိ
Donate to DVB

မဲဆွယ်စည်းရုံးနေစဉ် နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြင်းမူမြို့နယ်  မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း  ဦးစိုးမြင့်က  အနိုင်ရသွားပါတယ်။

မြင်းမူမြို့နယ်တခုလုံးမှာ မဲရုံ ၅၈ ရုံရှိပြီး အန်အယ်ဒီပါတီက  ၅၄ ရုံမှာ အနိုင်ရတယ်လို့ အန်အယ်လ်ဒီပါတီရဲ့  မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစံ သက်ထွန်းက ပြောပါတယ်။

“ဆုံးသွားတဲ့ ဦးစိုးမြင့်နေရာအတွက်က မဲတွေကတော့ ပယ်မဲပါ။ ဒါပေမယ့် ပယ်မဲတွေ အရမ်းများပါတယ်။ ကျနော်တို့ အမတ်လောင်း နိုင်ပါတယ်။”လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ပြည်သူ့လွှတ်တော်မှာ ကျနော်က နိုင်တယ်။ တိုင်းဒေသကြီး ၂ မှာလည်း ကိုယ်စားလှယ်လောင်း ဒေါ်နီလာလွင်က နိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ဦးကျော်သောင်းနိုင်တယ်။ ”

ကွယ်လွန်သွားတဲ့ ဦးစိုးမြင့်က အနိုင်ရပေမယ့် ကွယ်လွန်သူဖြစ်နေလို့ ပယ်မဲတွေ ဖြစ်သွားတဲ့ အတွက် တိုင်းဒေသကြီးအမှတ် ၁ နယ်မြေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အနိုင်ရသွားပါတယ်။

ဦးစိုးမြင့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ နေ့ခင်းက မြင်းမူမြို့လယ်ခါင်မှာ မဲဆွယ်စည်းရုံးနေစဉ် ရုတ်တရက် လဲကျပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးစိုးမြင့်ဟာ  ကြံ့ခိုင်ရေးပါတီက ဦးသောင်းမြင့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးကျော်စိုးဦးတို့နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ဦးစိုးမြင့်ရဲ့ ရုပ်ကလပ်ကိုတော့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ နေ့ခင်း ၁ နာရီမှာ သင်္ဂြိုဟ်လိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013