DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ဦးလှဌေးဝင်း တနေရာမှလွဲပြီး အန်အယ်လ်ဒီ ပါတီအားလုံးနိုင်
DVB
·
November 9, 2015
နေပြည်တော်တွင် ဦးလှဌေးဝင်း တနေရာမှလွဲပြီး အန်အယ်လ်ဒီ ပါတီအားလုံးနိုင်
Donate to DVB

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း ၀င်ပြိုင်တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် တနေရာကလွဲပြီး ကျန်နေရာ ၉ ခုစလုံး အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းသူကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်ခင်မျိုးသွင် ၀င်ပြိုင်တဲ့ ဇေယျာသီရိတခုပဲ ရှုံးပြီး ကျန်တဲ့ ၉ နေရာစလုံး အန်အယ်လ်ဒီ နိုင်တယ်။ အစောပိုင်းက ဇေယျာသီရိမှာ ဒေါ်ခင်မျိုးသွင်နဲ့ ဦးလှဌေးဝင်းတို့ ၅၀-၅၀ ဖြစ်နေတာ၊ ညသန်းခေါင်ယံ တပ်မဲတွေ ရောက်လာတော့ မဲ ၁၅၀၀၀ လောက် ပါလာပြီး ရှုံးသွားတာ။ ဇေယျာသီရိမှာ အရပ်သားမဲက ၃၀၀၀၀ လောက်ရှိပြီး တပ်မဲက ၂၀၀၀၀ လောက်ရှိတာလေ။”

နေပြည်တော်ကောင်စီ နယ်မြေအတွင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေဟာ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးလှဌေးဝင်း၊ ဦးဝေလွင်၊ ဦးမြတ်ဟိန်း၊ ဦးမြလှိုင် စတဲ့သူတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပြီး မဲ ၂၀၀၀ ကျော်၊ ၃၀၀၀ ကျော်တို့နဲ့ ဖြတ်ကျော် အနိုင်ရခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြို့နယ်အလိုက် ရေတွက်ပြီးတဲ့ မဲရလဒ်တွေအရ နေပြည်တော်မှာ ၁ နေရာကလွဲလို့ အန်အယ်လ်ဒီနိုင်တယ်လို့ စုံစမ်းသိရှိရတာဖြစ်ပြီး တရားဝင်မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013