DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ အသက်ငယ်ဆုံး ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်း အနိုင်ရ
DVB
·
November 9, 2015
ပခုက္ကူ  အသက်ငယ်ဆုံး ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်း အနိုင်ရ
1 / 4
Donate to DVB

ပခုက္ကူ  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသက်ငယ်ဆုံး ကိုယ်စားလှယ်လောင်းထဲက တဦးဖြစ်တဲ့ ဒေါ်ဇင်နီနီဝင်းကတော့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဦးလှဝင်းဦးကို အပြတ်အသတ် အနိုင်ရသွားပါတယ်။

ပခုက္ကူ  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ မဲရုံပေါင်း ၁၆၀ ရှိပြီး လက်ရှိ ရရှိထားတဲ့ မဲရုံ ၁၄၀ ထဲက ၁၃၀ မှာ အပြတ်အသတ် အနိုင်ရထားတယ်လို့ ဒေါ်ဇင်နီနီဝင်းက ပြောပါတယ်။

“နိုင်ပြီဆိုတာ ဒီမဲရလဒ်အရ နိုင်တာပေါ့။ နောက်ပိုင်း သူတို့ တရားဝင်ကြေညာတဲ့အထိတော့ သမီးတို့ စောင့်ရဦးမှာပေါ့။ သူတို့ စာရင်းတင်တာတွေ ဘာတွေက ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး။ လောလောဆယ် တက်လာတဲ့ ၁၄၀ မှာ ၁၀ ရုံလောက်ကတော့ သမီးရှုံးနေတယ်။ ၁၃၀ နိုင်တယ်။ တချို့မြို့ပေါ် မဲရုံတွေဆိုရင် လူ ၁၂၀၀ လောက်ရှိတယ်ဆိုရင် သမီးတို့က ၁၁၀၀ လောက်ရတယ်။ ကြံ့ခိုင်ရေးက ၁၀၀ ကျော်လောက်ပဲရတယ်။ ရွာတွေမှာတော့ သူတို့နိုင်တဲ့ရွာ တရွာ နှစ်ရွာတော့ရှိတယ်။”

ဒီလိုအနိုင်ရတဲ့ ရလဒ်တွေ ထွက်လာတဲ့အတွက် ၀မ်းသာကြောင်း ပြည်သူတွေကလည်း အန်အယ်လ်ဒီကို တတတ်တအား မဲပေးတဲ့အတွက်လည်း ၀မ်းသာတယ်လို့ ပြောပါတယ်။

ဒေါ်ဇင်နီနီဝင်းဟာ ၁၉၈၉ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိ အသက် ၂၆ နှစ်သာရှိတဲ့အတွက် အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းထဲက တဦးဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013