DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် ကြိုတင်မဲ ၁၂၀၀၀ အထိ ဖောင်းပွနေတဲ့ပေါ် ပါတီ ၂ ခု ကန့်ကွက်
DVB
·
November 9, 2015
လားရှိုးမြို့တွင် ကြိုတင်မဲ ၁၂၀၀၀ အထိ ဖောင်းပွနေတဲ့ပေါ် ပါတီ ၂ ခု ကန့်ကွက်
1 / 3
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့နယ်အတွင်း ကြိုတင်မဲ ၁ သောင်း ၂ ထောင်လောက်အထိ ရှိနေတဲ့ပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ရောက်ရှိနေတဲ့ ကြိုတင်မဲ ၁၁၈၁၅ မဲရှိတာဟာ လားရှိုးမြို့နယ်အတွက် အင်မတန်များလွန်းနေပြီး ဒီကြိုတင်မဲတွေမှာ မဲဆန္ဒနယ်တိုင်းအတွက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တခုတည်းကိုပဲ ရာနှုန်းပြည့် မဲပေးတာဟာ ယုတ္တိမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်မောင်က “ကျနော်တို့ ကန့်ကွက်ရတဲ့ အကြောင်းအရင်းက ကြိုတင်မဲက ၁၂၀၀၀ အထိရှိတယ်။ မဲရုံတရုံကို ၃၀၀၀ ပဲ သတ်မှတ်တယ်ဆိုရင် ကြိုတင်မဲထည့်တဲ့သူက မဲရုံ ၄ ရုံ အပြည့်ထည့်တဲ့ သဘောရှိတယ်။ အဲတော့ များလွန်းအားကြီးတယ်။ နောက်တခုက ကြိုတင်မဲကို ပုံစံ ၁၅ ထုတ်ပေးဖို့ တောင်းတယ်။ ဒီကနေပြီးတော့ ပေးလိုက်တယ်။ သူတို့တပ်ထဲမှာ ဘယ်လိုလုပ်ပြီး ဘယ်လိုထည့်လဲ ကျနော်တို့မသိဘူး။ ကော်မရှင်ကလည်း မသိရဘဲနဲ့ သူတို့က ပြန်ပို့တယ်။ ပို့တဲ့အခါမှာလည်းပဲ ကြိုတင်မဲကို ချိတ်ပိတ်ထားတဲ့ ပုံးတွေမှာ ထည့်ပြီးတော့မှ တပ်က အထပ်လိုက် လာပို့တယ်လို့ ပြောတယ်။ ဆိုတော့ ဒီကြိုတင်မဲတွေဟာ တပ်က အာဏာပိုင်တွေရဲ့ လက်ထဲမှာ ပေးတဲ့မဲလို့ ကျနော်တို့က ယူဆတယ်ဗျာ။ နောက်  ကြိုတင်မဲက ကြံ့ခိုင်ရေးပါတီက ၉၈-၉၉ ရာခိုင်နှုန်း ရတယ်ဗျာ။ ပြည်နယ်လွှတ်တော်လို့ လူမျိုးစုပါတီတွေ ရှိတဲ့နေရာမှာ အက်စ်အန်အယ်လ်ဒီပါတီတောင်မှ ၅ မဲပဲရပြီး သူတို့က ၂ ထောင်ကျော်ရတယ် ဆိုတာက ဘယ်လိုမှ စဉ်းစားကြည့်လို့ မရတဲ့အချက် ဖြစ်တယ်ဗျာ။ ဒါကတော့ ကြိုတင်စီမံပြီး လုပ်တယ်လို့ ယူဆတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီနှစ်ခုက ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ထားသလို အက်စ်အန်အယ်လ်ဒီပါတီကလည်း ဒီမနက်မှာ ကော်မရှင်ရုံးကိုသွားပြီး တိုင်ကြား ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ မနေ့ညက ကြိုတင်မဲ အများအပြား ရောက်ရှိခဲ့ပြီး ကိုယ်စားလှယ်လောင်းတချို့ ကန့်ကွက်ခဲ့လို့ ကြိုတင်မဲတွေကို ကော်မရှင်က ပယ်ဖျက်ပေးခဲ့ပါတယ်။

12196236_976158145790154_1504052292687255032_n 12191513_976158182456817_1675637165545516428_n

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013