DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်များ အနိုင်ရ
DVB
·
November 9, 2015
သင်္ဃန်းကျွန်းတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်များ အနိုင်ရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက မဲရုံ ၅၉ ရုံ စာရင်းအရ ရှုံးတဲ့ရပ်ကွက်မရှိ နေရာတိုင်း အနိုင်ရနေပါတယ်။

“ပြည်တွင်း အဝေးကြိုတင်မဲ၊ ပြည်ပကြိုတင်မဲနဲ့ ပြည်တွင်း အနီးကြိုတင်မဲတွေ အပါအဝင် မဲဆန္ဒနယ်အမှတ် ၁ ထဲက ရပ်ကွက် ၂၃ ရပ်ကွက်မှာရှိတဲ့ မဲရုံပေါင်း ၅၉ ရုံကနေ ကောက်ခံရရှိတဲ့ ဆန္ဒမဲတွေအရ လွှတ်တော် ၃ ရပ်စလုံးမှာ အန်အယ်လ်ဒီပါတီက ရှုံးတဲ့ရပ်ကွက်မရှိ၊ နေရာတိုင်း အနိုင်ရရှိပါတယ်။” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးပါတယ်။

နောက်ဆုံးမဲရလဒ် မကြေညာသေးပေမယ့် အနိုင်ရလဒ်ကတော့ ထင်ရှားခဲ့ပြီး ပြည်သူတွေ တာဝန်ကျေခဲ့သလို ရလဒ်ကို ဂုဏ်သိက္ခာရှိရှိ လက်ခံကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရွှေလှဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မြတ်ဉာဏစိုး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဦး (ခ) ထိပ်တင်ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013