DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပြည်ခိုင်ဖြိုးပါတီကို မဲအပြတ်အသတ်နိုင်
DVB
·
November 9, 2015
ဒေါ်အောင်ဆန်းစုကြည် ပြည်ခိုင်ဖြိုးပါတီကို မဲအပြတ်အသတ်နိုင်
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒမဲပေါင်း ၅၃၆၇၆ ရရှိပြီး အနိုင်ရရှိခဲ့တယ်လို့ ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတ်က ဒီဗွီဘီကို ပြောပါတယ်။

အင်အားကြီးပါတီတခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ဇင်ဟိန်းကတော့ ဆန္ဒမဲ ၁၅၃၁၂ သာရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ကော့မှူးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်အတွက် ပါတီ ၅ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကော့မှူးမြို့နယ်အတွင်း အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ နဲ့ ၂ တို့မှာလည်း အနိုင်ရရှိခဲ့ပါတယ်။

ကော့မှူးမြို့နယ်အတွင်းမှာ မဲပေးခွင့်ရှိတဲ့ လူဦးရေ ၉၂၁၃၈ ဦးရှိပြီး မဲလာရောက်ပေးသူ ၇၄၂၈၃ ဦး ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013