DVB Logo
Home
မြန်မာသတင်း
မုံရွာ မဲရုံများ၌ ဆန္ဒမဲပေးသူ သောင်းနှင့်ချီ်များပြား၊ ညမိုးချုပ်အထိ မဲပေးရနိုင်
DVB
·
November 8, 2015
မုံရွာ မဲရုံများ၌ ဆန္ဒမဲပေးသူ သောင်းနှင့်ချီ်များပြား၊ ညမိုးချုပ်အထိ မဲပေးရနိုင်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့က မြ၀တီရပ်ကွက်မှာ ဆန္ဒမဲပေးသူ ၁ သောင်း ၂ ထောင်အထိ ရှိတဲ့အတွက် ဒီကနေ့ ညမိုးချုပ်အထိ မဲပေးရဖို့ ရှိနေတယ်လို့ မုံရွာ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်မောင်က ပြောပါတယ်။

“အခုက များသောအားဖြင့် မူလတန်းကျောင်းတို့၊ အလယ်တန်းကျောင်းတို့မှာ လုပ်တဲ့အခါကျတော့ ကျောင်းဝင်းရဲ့ ပရ၀ဏ်အတွင်းကို ၀င်သွားတဲ့သူတိုင်းကို ညသန်းခေါင်ပဲဖြစ်ဖြစ် ပေးခွင့်ပေးမယ်လို့ ပြောထားတာလေ။ ဒါပေမယ့် မြ၀တီရပ်ကွက် တရပ်ကွက်တည်းမှာ မဲဆန္ဒရှင်ပေါင်း ၁၂၀၀၀ လောက်ရှိတဲ့ဟာကို မူလတန်းကျောင်းထဲမှာ မဲရုံ ၃ ထောင်ကျော်တရုံ၊ ၃ ထောင်ကျော်တရုံထားတော့ အဲဒီဝင်းထဲမှာ ပြည့်သွားတာပါ့။ ကျနော်တို့ကတော့ လူ ၁ ထောင်ကို တတန်းတန်းရင် တယောက် တမိနစ်နှုန်းတွက်ရင် ၁၆ နာရီကြာမယ်။ ၁၆ နာရီဆိုတော့ မနက် ၆ နာရီကစရင် ည ၁၀ နာရီမှာ ပြီးရမှာပေါ့။ အဲဒါဆိုရင်တော့ မဆိုးဘူးပေါ့။”

မြ၀တီရပ်ကွက်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ သောင်း ၂ ထောင်ရှိနေပြီး ရပ်ကွက် မူလတန်းကျောင်း အတွင်းမှာပဲ မဲရုံ ၄ ခု ခွဲဖွင့်ပေးထားတဲ့အတွက် လူတော်တော်များပြီး ကျပ်သွားတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013