DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် သံတောင်မြို့သစ်တွင် မဲမပေးရဲဘဲ ကြောက်ရွံ့နေဟုဆို
DVB
·
November 8, 2015
ကရင်ပြည်နယ် သံတောင်မြို့သစ်တွင် မဲမပေးရဲဘဲ ကြောက်ရွံ့နေဟုဆို
Donate to DVB

ကရင်ပြည်နယ် သံတောင်မြို့သစ်မှာ မဲစာရင်း နောက်ဆုံးကြေညာမှုထဲ မဲစာရင်းမပါလို့ မဲပေးခွင့် ဆုံးရှုံးနေသလို တချို့လူတွေက မဲလာမပေးရဲဘဲ ကြောက်နေကြတယ်လို့ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နော်ခရစ်ထွန်းက ပြောပါတယ်။

“အပေါ်ကုန်းကလူတွေက မဆင်းလာလို့ လှမ်းခေါ်ရသေးတယ်။ မဲသွားပေးဖို့ လှမ်းခေါ်တာကို ဟိုမှာ စကားလည်း မပြောရဘူး။ မေးလည်း မပေးရဘူး ပြောလို့တဲ့။ မေးရင်၊ စကားပြောရင် ထောင်ဒဏ် ၁ နှစ်၊ ငွေ ၁ သိန်းဆိုပြီးတော့ ကြောက်နေကြတယ်။ ဘာမှမကြောက်နဲ့ ဆင်းသွားလို့ သွားပြောမှပဲ ဆင်းသွားကြတယ်။ အမှန်က အဲလို ပြောတဲ့လူရှိလို့ သူတို့က ကြောက်နေကြတယ်။”

ဒါ့အပြင် ဒုတိယတခေါက် မဲစာရင်းကြေညာတုန်းက ပါသူတွေက နောက်ဆုံးအခေါက်မှာ မပါတာတွေလည်း အများကြီး ရှိနေပါတယ်။ သူတို့တွေ မဲပေးခွင့်ရဖို့ ကော်မရှင်နဲ့ သွားညှိတဲ့အခါမှာလည်း ပေးခွင့်မရဘူးလို့ ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း ပြောပါတယ်။

“အစ်မအရှေ့မှာပဲ ရပ်ကွက် ၃ က သင်းအုပ်ဆရာမိသားစု အိမ်ထောင်စုစာရင်းလည်း ရှိတယ်၊ မှတ်ပုံတင်လည်း ရှိတယ်။ အဲဒါ အကုန်မောင်းထုတ်တယ်။ မဲစာရင်းထဲမှာ နာမည်မပါလို့တဲ့။ အခု ကော်မရှင်ကို ညှိတယ်လေ။ မဲပေးခွင့်ပြန်ပေးဖို့ ပြေပြေလည်လည်ပေါ့နော်။ ဒီမှာ ဒေသခံတွေပဲ၊ ဒီမှာပဲ အတူကြီးပြင်းပြီး မဲပေးခွင့် မရဘူးဆိုတော့ ဒါ သူ့အခွင့်အရေး ဆုံးရှုံးတာလေ။ အဲဒါကို အချိန်မီ ပြန်ပေးလို့ မရဘူးလားလို့ မေးတာ။ အဲလိုမေးတာကို မြို့နယ်ကော်မရှင်က အတွင်းရေးမှူး ဦးဝင်းသီဟဇော်က သူက ခွင့်မပြုနိုင်ဘူးတဲ့။ မဲစာရင်း မပါရင်တော့ မဲပေးခွင့် လုံးဝခွင့်မပြုနိုင်ဘူးတဲ့။”

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တော်တော်များများ ရှိနေတဲ့အတွက် အခုချိန်မှာတော့ မဲရုံတွေ ပိတ်သလောက် ရှိနေပြီလို့လည်း နော်ခရစ်စထွန်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013