DVB Logo
Home
လူမှုရေး
မေသဇင်ကုန်တင်သ​င်္ဘော မီး​လောင်
DVB
·
July 5, 2011
မေသဇင်ကုန်တင်သ​င်္ဘော မီး​လောင်
Donate to DVB

မြန်မာပြည်​တောင်ပိုင်း​ ​ကော့​သောင်း​မြို့​ ​တော်ဝင်ဆိပ်ကမ်း​မှာရပ်ထား​တဲ့​ ​မေသဇင် ကုန်တင်သ​င်္ဘော မ​နေ့​ ​နေ့​လည်က မီး​လောင်လို့​ သ​င်္ဘော​ပေါ်​ရောက်​နေသူ ​လေး​ဦး​ ဒဏ်ရာရပြီး​ ​ဆေး​ရုံတက်​နေရပါတယ်။

ဒီ​မေသဇင် သ​င်္ဘောဝမ်း​ဗိုက်မှာရှိတဲ့​ ကုန်စည်​တွေကို သွား​ရောက်ကြည့်​ရှုရာက ​မှောင်မည်း​နေလို့​ မီး​ခြစ်လိုက်တဲ့​အခါ အခန်း​တွင်း​လှောင်​နေတဲ့​ ဓာတ်​ငွေ့​တွေ​ကြောင့်​ မီး​လောင်ခဲ့​တာလို့​ ​ကော့​သောင်း​မြို့​ခံတဦး​က ​ပြောပါတယ်။

“မီး​လောင်​တော့​ အဲဒီသ​င်္ဘော​ပေါ်မှာ ပစ္စည်း​ဆင်း​ယူတဲ့​ လူနှစ်​ယောက်ရယ်။ ​နောက် သ​င်္ဘောသား​ပေါ့​နော် ပဲ့​နင်း​ငယ်ကတ​ယောက်။ ​လှေစာ​ရေး​ငယ်တ​ယောက် စုစု​ပေါင်း​လေး​ယောက် ​လော​လောဆယ် ​ဆေး​ရုံကြီး​မှာ အတွင်း​လူနာအဖြစ် တင်ထား​တယ်။”

ဒီလူ​လေး​ဦး​ဟာ မီး​လောင်မှုဖြစ်တာနဲ့​ ​ရေထဲကို ခုန်ဆင်း​ခဲ့​ကြတယ်လို့​ ဆိုပါတယ်။

မီး​လောင်ချိန်မှာ ​ရေကျချိန်ဖြစ်တာ​ကြောင့်​ သ​င်္ဘောက ​သောင်​ပေါ်တင်​နေပြီး​ မီး​သတ်ကား​တွေက ပိုက်ချိတ်ဆက်ပြီး​ ပက်ဖြန်း​ငြိမ်း​သတ်ခဲ့​ရတယ်လို့​ ဆိုပါတယ်။

မေသဇင်သ​င်္ဘောဟာ ​မေ ၂၉ ရက်က ​ရေနစ်မြုပ်ခဲ့​ပြီး​ ဇွန် ၃၀ ရက်​နေ့​ကမှ ဆယ်ယူပြီး​ ဆိပ်ကမ်း​မှာ ကပ်ထား​တာပါ။ အဲဒီသ​င်္ဘော​ပေါ်မှာ ရန်ကုန်ကို တင်ပို့​မယ့်​ ထိုင်း​နိုင်ငံထုတ် ကုန်စည်စား​သောက်ကုန်​တွေအပြင် ခြင်​ဆေး​ဘူး​တွေလည်း​ ရှိ​နေတာ​ကြောင့်​ အဲဒီက​နေ ဂက်စ်ယိုစိမ့်​ပြီး​ မီး​လောင်ကျွမ်း​စေတာ ဖြစ်နိုင်တယ်လို့​ လတ်တ​လောမှာ ခန့်​မှန်း​ပြောဆို​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013