DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒလက်မှတ်များ မှားယွင်းမှုဖြစ်ပွား
DVB
·
November 8, 2015
ရွှေဘိုတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒလက်မှတ်များ မှားယွင်းမှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ပေါ် အမှတ် ၄ ရပ်ကွက် မဲရုံနံပါတ် ၁ မှာ ဆန္ဒမဲလက်မှတ်တွေ မှားယွင်းမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုမြို့နယ်တွင်း မဲရုံတွေမှာ ဆန္ဒမဲပေးမှုတွေကို စောင့်ကြည့်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဥက္ကဋ္ဌ ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

ရွှေဘိုမြို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ပေးရမယ့် မဲတွေဟာ  စစ်ကိုင်းမြို့က ကိုယ်စားလှယ်လောင်းတွေအတွက် ပေးရမယ့် ဆန္ဒမဲလက်မှတ်တွေ ဖြစ်နေတာပါ။

ဒေါက်တာမြင့်နိုင်က “ကျနော်တို့ ရွှေဘိုမဲဆန္ဒလက်မှတ် မဟုတ်ဘဲ စစ်ကိုင်းက မဲဆန္ဒလက်မှတ်ကြီး ပါလာတယ်။ ရွက် ၂၀ လောက်ပေးပြီးသွားမှ သိတာ။  ဒီနေ့မနက် မဲပေးတဲ့အချိန်မှာ။ စစ်ကိုင်းပြည်သူ့လွှတ်တော် မဲစာအုပ်တအုပ်က ရွှေဘိုကို ရောက်နေတယ်။  အဲဒီတအုပ်က မဲပေးပြီးတာ ရွက် ၂၀ လောက်ရှိနေပြီ။ မဲရုံမှူးကလည်းမသိဘူး။ မဲလာပေးတဲ့  ကြည့်တတ်တဲ့လူက ကြည့်ပြီးမှသိတာ” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့လည်း ပြောပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီပါတီက ဒေါက်တာ အေဇင်လတ်၊ ကြံ့ခိုင်ရေးပါတီက ဦးမြတ်မျိုးညွန့်၊ လူ့ဘောင်သစ်ပါတီက ဦးခင်မောင်လင်း (ခေါ်) ဦးအောင်ဇေယျ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးချစ်ဝင်း၊ အမျိုးသားတိုးတက်ရေးပါတီက ဦးအောင်ကြီးနဲ့ တသီးပုဂ္ဂလ ဦးမြင့်ကိုကိုတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013