DVB Logo
Home
မြန်မာသတင်း
သက်သေခံမဲလက်မှတ် အပိုများကြောင့် ရလဒ်ပြောင်းလဲနိုင်ဟု အန်အယ်လ်ဒီ ကြေညာ
DVB
·
November 8, 2015
သက်သေခံမဲလက်မှတ် အပိုများကြောင့် ရလဒ်ပြောင်းလဲနိုင်ဟု အန်အယ်လ်ဒီ ကြေညာ
Donate to DVB

သက်သေခံမဲ လက်မှတ် အပိုတွေကြောင့် ရွေးကောက်ပွဲ ရလဒ်ကိုအပြောင်းအလဲ ဖြစ်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းမှာ သက်သေခံ မဲလက်မှတ်အပိုတွေ ဖောင်းပွနေတာဟာ ရိုးဖြောင့်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သုံးသပ်ရတယ်လို့ နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရပ်ကွက်တခုတည်းမှာပဲ မဲလက်မှတ် ၁၀၀ တွေ့ရတာ၊ မိသားစု တခုတည်းမှာ လက်မှတ် ၄၀ နီးပါး ပိုနေတာမျိုးတွေကို တွေ့ရတယ်လို့ အန်အယ်ဒီက ဆိုပါတယ်။

ဒီလိုမျိုး သက်သေခံလက်မှတ်တွေ အပိုတွေကြောင့်မသမာတဲ့ မဲပေးမှုတွေ ဖြစ်ကို ဖြစ်စေနိုင်တဲ့အကြောင်း၊  ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့အကြောင်း အန်အယ်လ်ဒီ ထောက်ခံသူတွေကို အသိပေးထားပါတယ်။

ဒါကြောင့် အဖွဲ့ချုပ်ဝင်များအပါအ၀င် ပြည်သူတရပ်လုံးက အပိုမဲ လက်မှတ်တွေကို အနီးကပ်ဆုံး အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေကို ပေးအပ်ကြဖို့ မေတ္တာရပ်ခံ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013