DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း မဲရုံအချို့တွင် မမှန်မကန် ကြိုတင်မဲပေးမှုများ ရှိနေ
DVB
·
November 7, 2015
ရန်ကုန်တိုင်း မဲရုံအချို့တွင် မမှန်မကန် ကြိုတင်မဲပေးမှုများ ရှိနေ
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုတင်မဲတွေ ပေးရာမှာ မမှန်မကန် ဆောင်ရွက်မှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကြိုတင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၂ ရပ်ကွက်၊ မဲရုံအမှတ် - ၁ မှာ  ကြိုတင်မဲတွေကို ကော်မရှင်က မဲပုံးထဲမထည့်ဘဲ သားရေပင်နဲ့စည်းပြီး လက်ခံယူထားလိုက်တယ်လို့ ဒီမနက် ကြိုတင်မဲပေးခဲ့တဲ့ အလယ်တန်းပြ ဆရာမ တယောက်က ပြောပါတယ်။

“မနက်က ၉ နာရီကျော်ကျော်လောက် မဲရုံရောက်ပြီး မဲပေးတယ်၊ မဲပေးပြီးတော့ သူတို့က ကျမပေးထားတဲ့ မဲ ၃ ရွက်ကို မဲပုံးထဲမထည့်ဘဲ သားရေပင် ၂ ပင်နဲ့စည်းပြီး သိမ်းထားလိုက်တယ်။ ကျမက မဲပုံးထဲ မထည့်ခဲ့ရဘူးလားလို့မေးတော့ မထည့်ခဲ့ရပါဘူးတဲ့၊ ကျနော်တို့က ဒါတွေအားလုံးကို စုစည်းပြီးတော့မှ ကြိုတင်မဲကို ထည့်မှာပါလို့ ပြောပါတယ်။”

သူ့လိုပဲ ဒဂုံမြို့သစ် ၄၈ ရပ်ကွက်နေ ဆရာမတယောက်လည်း အလားတူ ကြုံတွေ့ခဲ့ရတယ်၊ သူတို့ပေးခဲ့တဲ့ ကြိုတင်မဲတွေကို သူတို့ကိုယ်တိုင် မဲပုံးထဲ မထည့်ခဲ့ရလို့ မကျေမချမ်းဖြစ်ပြီး ၀မ်းနည်းရတယ်လို့လည်း ပြောပါတယ်။

ဆရာမတွေဟာ မဲပေးမယ့် နိုဝင်ဘာ ၈ ရက်မှာ မဲရုံတာဝန်ကျတာမို့ ကြိုတင်မဲသွားပေးရင်း ခုလို ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ကျောက်တန်းမြို့နယ်မှာ ကော်မရှင်က ကြိုတင်မဲပုံးကို အိမ်ယူသွားတဲ့ဖြစ်ရပ်၊ ခရမ်းမြို့နယ်မှာ မဲပုံးကို ဘုန်းကြီးကျောင်း ယူဆောင်သွားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီး ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေက သက်ဆိုင်ရာ ကော်မရှင်အသီးသီးကို ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။

ရွေကောက်ပွဲကျင်းပဖို့ တရက်အလို နိုဝင်ဘာ ၇ ရက် ဒီနေ့မှာပဲ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့် ၀င်ပြိုင်မယ့် ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာအတွင်း ကြိုတင်မဲကောက်ခံရာမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေ ပါဝင်ကောက်ခံနေလို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။

ရွေးကောက်ပွဲရက်အတွင်း တာဝန်ကျတဲ့ ရဲနဲ့ ကျောင်းဆရာများ အပါအ၀င် ၀န်ထမ်းတချို့ကို အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်မဲ ပေးခွင့်ပြုခဲ့ရာမှာ မဲပုံး မလုံခြုံတာ၊ လျှို့ဝှက်မဲမဟုတ်ဘဲ လူအများရှေ့မှာ မဲပေးစေတာ၊ မဲရိုက်နှိပ်တဲ့ တံဆိပ်တုံး မင်ယိုစိမ့်မှုဖြစ်တာ၊ အာဏာရ  ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးသိန်းစိန်ရဲ့ ဓာတ်ပုံတွေ မဲရုံမှာ ချိတ်ဆွဲထားတာနဲ့  အခုနောက်ဆုံး ကြိုတင်မဲကို မဲပုံးထဲ ကိုယ်တိုင်ထည့်ခွင့် မရတာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရပြည်ခိုင်ဖြိုးပါတီဟာ သန်းခေါင်ယံ ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တယ်လို့ အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီး ဒီတကြိမ်မှာလည်း ကြိုတင်မဲ အပါအ၀င် အပိုမဲ၊ မဲစာရင်းအမှားတွေကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013