DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများ တရုတ်ကို ဇနီးမယားအဖြစ် ရောင်းစားခံရမှု တလအတွင်း ၈ မှုဖြစ်ပွား
DVB
·
November 7, 2015
မြန်မာအမျိုးသမီးများ တရုတ်ကို ဇနီးမယားအဖြစ် ရောင်းစားခံရမှု တလအတွင်း ၈ မှုဖြစ်ပွား
Donate to DVB

၂၀၁၅ ဇန်နဝါရီလကစပြီး တနိုင်ငံလုံးမှာ လူကုန်ကူးမှု ၁ဝ၀ ကျော်နဲ့  အောက်တိုဘာလ တလတည်း မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ပို့ဆောင်ပြီး အဓမ္မ လက်ထပ်စေမှု ၈ မှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလအတွင်းမှာ နိုင်ငံအတွင်း အဓမ္မခိုင်းစေမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှု၊ အဓမ္မ လက်ထပ်ခိုင်းစေမှုတွေ ဖြစ်ပွားခဲ့ရာမှာ ထိုင်းနိုင်ငံသို့ အဓမ္မခိုင်းစေမှု ၁ မှု၊ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်စေမှု ၈ မှု၊ မလေးရှားနိုင်ငံသို့ အဓမ္မခိုင်းစေမှု ၅ မှု တို့ ဖြစ်ပွားပြီး ပြည်တွင်းမှာ အဓမ္မခိုင်းစေမှု ၁ မှု၊ ပြည့်တန်ဆာမှု ၁ မှု၊ ပေါင်း လူကုန်ကူးမှု ၁၆ မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အမှုတွေမှာ လူကုန်ကူးခံရသူ လူကြီး၊ လူငယ်၊ ကလေး စုစုပေါင်း ၄ဝ ရှိခဲ့ပြီး  တရားခံ ၂၄ ဦးကို ဖမ်းဆီးရမိခဲ့ကာ တရားခံပြေး ၁၇ ဦးကိုတော့  အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တနိုင်ငံလုံးမှာ လူကုန်ကူးမှု ၁ဝ၅ မှု ဖြစ်ပွားခဲ့ရာ လူကုန်ကူးရန် သိမ်းသွင်းသော လူပွဲစားများ တွေ့ရှိပါက မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့သို့ အချိန်မီ တိုင်ကြားကြဖို့လည်း အစိုးရက ဆော်သြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013