DVB Logo
Home
မြန်မာသတင်း
စုတ်ပြဲစွန်းထင်း မဲလက်မှတ်များ အသစ်လဲလှယ် မဲပေးကြရန် ကော်မရှင် တိုက်တွန်း
DVB
·
November 7, 2015
စုတ်ပြဲစွန်းထင်း မဲလက်မှတ်များ အသစ်လဲလှယ် မဲပေးကြရန် ကော်မရှင် တိုက်တွန်း
1 / 11
Donate to DVB

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပယ်မဲမဖြစ်စေဖို့ ဆန္ဒမဲလက်မှတ် ထုတ်ယူချိန်မှာ မဲလက်မှတ်တွေ စုတ်ပြဲနေတာ၊ အမှတ်အသား အစွန်းအထင်းတွေ ပါနေတာတွေ့ရင် မဲလက်မှတ် ပြန်လဲလှယ်ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ကော်မရှင်က အသိပေး ကြေညာလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ မနက်ဖြန် နိုင်ငံတ၀န်း ဆန္ဒမဲပေးကြမယ့် ပြည်သူတွေကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန် ပြောကြားလိုက်တာပါ။

မဲလက်မှတ်တွေကို မဲမထည့်ရသေးခင်မှာသာ လဲလှယ်ပေးမှာဖြစ်ပြီး  ဆန္ဒမဲ ပေးပြီးသွားချိန်ကျရင်တော့ လဲလှယ်ပေးမှာ မဟုတ်တော့ဘူးလို့ ကော်မရှင်ကြေညာချက်မှာ ဖော်ပြပါတယ်။

မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်တွေ ပါဖို့လိုသလို မဲလက်မှတ်တွေ စုတ်ပြဲနေတာ၊ အမှတ်အသားတွေ ပါနေတာနဲ့ အစွန်းအထင်းတွေ ပါနေရင်လည်း ပယ်မဲအဖြစ် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ဖိုးဉာဏ်ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013