DVB Logo
Home
မြန်မာသတင်း
ပင်စင်စားများ အခက်တွေ့
DVB
·
July 4, 2011
ပင်စင်စားများ အခက်တွေ့
Donate to DVB

နိုင်ငံတော်က တိုးမြှင့်ပေးတဲ့ ပင်စင်လစာအတိုင်း ထုတ်နိုင်အောင် ဆောင်ရွက်တဲ့  ပင်စင်စားကြီးတွေဟာ လုပ်ထုံးလုပ်နည်း အကန့်အသတ်တွေကြောင့်  အခက်အခဲ တွေ့နေကြပါတယ်။

အဓိက အခက်အခဲကတော့ ပင်စင်စားတွေကိုယ်တိုင် လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး မိခင်ဌာနချုပ်ကို အမြန်ဆုံး သွားရောက်သတင်းပို့ကြဖို့ အစိုးရရဲ့ ညွှန်ကြားချက်အရ အခက်တွေ့နေကြတာပါ။

ညွှန်ကြားချက်အရ အကောင်အထည်ဖော်တဲ့အခါ အသက်အရွယ် အားဖြင့်ရော၊ ခရီးစရိတ်အားဖြင့်ပါ အခက်ကြုံနေကြတာပါ။

ဒီနေ့ ပင်စင်ကိစ္စ စုံစမ်းခဲ့တဲ့ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲတိုက်နယ်၊ ကန်သာအုပ်စု၊ ကျွန်းဖိုပင်ကျေးရွာက အငြိမ်းစားတပ်ကြပ် ဦးတင်အောင်က အခုလိုပြောပါတယ်။

[caption id="attachment_12073" align="alignleft" width="310" caption="၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ ၃ တွင် ဖော်ပြထားပုံ"][/caption]

“ကျနော်တို့ ဘဏ်မှာ ပင်စင်သွားထပ်တော့ ဘဏ်ကနေ ပြောတယ်။ ခင်ဗျားတို့ မိခင်တပ်ရင်းက ထွက်လာတုန်းက မိတ္တူပါမှ ရမယ်လို့ ပြောနေလို့။ ကျနော်တို့ကလည်း အဲဒီကထွက်လာတာ နှစ်ကလည်း ၃၀ ကျော်နေပြီ။ အဲဒီစာရွက်စာတမ်းက ကျနော်တို့မှာ မရှိတော့ဘူး။ ဘဏ်စာအုပ်ပဲ ရှိတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ တပ်ရင်းကို ပြန်သွားရမယ်ဆိုတဲ့ စရိတ်က နည်းတာမဟုတ်ဘူး။”

သူ့မိခင်ဌာနချုပ်က လက်ရှိဗထူးမှာဖြစ်လို့ ခရီးစရိတ်မတတ်နိုင် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

နေပြည်တော် လယ်ဝေးက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးတင်အေးက  ပင်စင်စားတွေ အားလုံး အဆင်ပြေနိုင်မယ့် နည်းလမ်းကို ခုလို ပြောပါတယ်။

“ကျနော် နမူနာလေး ပြောပြမယ်။ ကျနော့် ဆရာကြီးတယောက်က အသက် ၉၂ နှစ် ရှိနေပြီ။ ၅၅ နှစ်က ပင်စင်ယူတာ၊ သူအထောက်အထား ဘယ်ကရမလဲ။ အဲတော့ အထောက်အထားက ပင်စင်စာအုပ်ထဲမှာ ရှိနေပါလျက်နဲ့ တနည်းအားဖြင့် ပြောမယ်ဆိုရင် လူတယောက်က မှတ်ပုံတင် ရှိနေပါလျက်နဲ့ ဟိုအရင်တုန်းကလို ဗမာပြည်မှာ မွေးတာလားတို့၊ အရင်တုန်းက ဘိုးဘွားတွေက ဗမာလူမျိုးတွေ ဟုတ်ရဲ့လားလို့ အထောက်အထားရှာနေတဲ့ စနစ်ဖြစ်သွားပြီ။ အခုဟာက ကျနော်တို့ က ပင်စင်ရနေတာကို မယုံတဲ့သဘော ဖြစ်မသွားဘူးလား။ ကျနော်တို့က ရိုးရိုးလေးပဲ။ ပင်စင်စာအုပ် ပေါ်မှာပဲ တွက်ပေးပါလို့ ပြောချင်တယ်။ လူတိုင်းမှာ ပင်စင်ထုတ်တဲ့လူတိုင်းမှာ ပင်စင်ရှိတယ်။”

ပင်စင်လစာတွေ တိုးပေးတဲ့အတွက် အထူးဝမ်းသာမိတဲ့အကြောင်း၊ ပင်စင်လစာ တိုးပေးလိုက်လို့ လက်ရှိမှာ ကုန်ဈေးနှုန်းလည်း မတက်ကြောင်း ပြောပါတယ်။

ရန်ကုန်မြို့မှာနေတဲ့ စီးပွားရေးပညာရှင် တဦးလည်းဖြစ်၊ ပင်စင်စားတဦးလည်း ဖြစ်တဲ့ ဆရာဦးဟန်ထွန်း (အခွန်) က မိခင်ဌာနချုပ်ကို သွားသတင်းပို့ဖို့ ဆိုတာက အခက်အခဲရှိပြီး ပင်စင်စားတွေထဲမှာလည်း ကျန်းမာရေးမကောင်းလို့ မသွားနိုင်မလာနိုင်တဲ့ သူတွေ အများကြီး ရှိနေတဲ့အတွက် သက်ဆိုင်ရာက ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013