DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် အနုပညာရှင်များ၏ ရင်ခုန်သံ
DVB
·
November 7, 2015
၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် အနုပညာရှင်များ၏ ရင်ခုန်သံ
1 / 6
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အနုပညာရှင်တွေရဲ့ ရင်ခုန်သံကို မေးမြန်းထားပါတယ်။

လူမင်း (အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်)

lu-minj“ကျနော်က ပါရမီဆိုတော့ ကျနော်တို့နေတဲ့ ရန်ကင်းမြို့နယ်မှာ မဲသွားပေးမှာပါ။ ကျနော်တို့ ပြည်သူတွေ အဲဒီလို ရွေးချယ်ခွင့် မရှိခဲ့ဖူးပါဘူး။ ပထမဦးဆုံး ကိုယ့်ကိုအုပ်ချုပ်မယ့် အစိုးရကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့် ရတဲ့ ပထမဦးဆုံးသော တကယ့်အခွင့်အရေးကို ပြည် သူတွေ လက်လွှတ်အဆုံးရှုံး မခံပါနဲ့လို့ ပြောချင်ပါတယ်။  အကောင်းဆုံးဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ဗေလုဝ (လူရွှင်တော်၊ ဟသ သရုပ်ဆောင်)

bay lu wa“ကျနော် မဲထည့်ဖူးပါတယ်။ ဒီ ၂၀၁၂ မှာမဲထည့်ဖူးတယ်။ ဟိုဟာကတော့ ကြားဖြတ်ပေါ့ဗျာ။ ကြားဖြတ်ရွေးကောက် ပွဲကတော့ အမတ်ဦးရေနည်းတာပေါ့။ ဒီဟာကတော့ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တဲ့ ပြိုင်ဆိုင်မှုမျိုးပေါ့၊ မဲရွေးပုံရွေးနည်းမျိုးပေါ့။ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တယ်ဆိုတော့ ပြိုင်ဆိုင်မှု ကြီးတယ်ပေါ့။ ကျနော်တို့ အဖြစ်ချင်ဆုံးကတော့ တရာမျှတတဲ့ ရွေးကောက်ပွဲကြီးတခု သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်စေချင်တာပါပဲ။ တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။”

မင်းထင်ကိုကိုကြီး (ဒါရိုက်တာ)

mhkkg“ကျနော် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ထဲက မဲပေးသွားမှာပါ။ ခုကျင်းပမယ့်ရွေးကောက် ပွဲ ကို လွတ်လပ်ပြီးမျှတ တဲ့ ရွေးကောက်ပွဲဖြစ် မယ်လို့ မျှော်လင့်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ စနစ်တခုရှိခဲ့ပြီးပြီ။ ခုလာမယ့် ရွေးကောက် ပွဲမှာတော့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့မဲကနေ စစ်မှန်ပြီးမျှတတဲ့ အစိုးရဖြစ်လာနိုင်စေဖို့ မဲပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်။”

ဇော်ဝင်းထွဋ် (အဆိုတော်)

10436011_730629053640152_2571601616119533_n copy“ကျနော်ကတော့ မရမ်းကုန်းမြို့နယ်လေ။ ကျနော်တို့ တအိမ်လုံး မနက်ကျရင်သွားကြမှာ။  ဒီရွေးကောက်ပွဲကတော့ တနိုင်ငံလုံးက ရင်ခုန်ရတဲ့ပွဲပေါ့နော်။ တရားမျှတမှုဖြစ် အောင် လုပ်မယ်လို့လည်း တချိန်လုံး ကြွေးကြော်ထား တဲ့ပွဲဆိုတော့ မနက်ဖြန်မှာ ကျနော်တို့ အားလုံး ပိတ်ကားပေါ်မှာ မျက်ဝါးထင်ထင်မြင်ရမယ့် ပွဲပေါ့နော်။ ကျနော်တို့ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားပါတယ်။ ပြည်သူတွေ အကုန်လုံးလည်း စိတ်လှုပ်ရှားနေပါတယ်။ တကယ်တော့လည်း ကျနော်တို့တိုင်းပြည်က ဒါမျိုး ရှေ့မှာလည်း သိပ်မကြုံခဲ့ဖူးဘူးဆိုတော့ အားလုံးရင်ခုန်မျှော်လင့်နေတဲ့ ပွဲကြီးပေါ့။ အဲဒီတော့ အကောင်းဆုံး ရလဒ်တွေ ရပါစေလို့ပဲ ကျနော်က ဆုတောင်းနေပါတယ်။”

ဖြူဖြူကျော်သိန်း (အဆိုတော်)

942228_578816888807196_601489585_n“ဖြူဖြူက စမ်းချောင်းတောင်ရပ် ကွက်ဆိုတော့ အ.ထ.က (၃) ဒုတိယထပ် အဆောင်ဘက်မှာ ပေးရ မယ်လို့ ပြောပါ တယ်။ ဖြူဖြူအခုပဲ ဘန်ကောက် ကနေ ပြန်ရောက်တာ။ အဲဒါအမှီပြန်လာတာ။ မနက်ဖြန် မဲပေးဖို့အတွက်။  ဒီတခေါက်ရွေးကောက် ပွဲကတော့  အရင်တခေါက်ထက်စာလို့ရှိရင် ဒီတခေါက်မှာကျတော့ ပြည်သူတွေလည်း နိုင်ငံရေးအသိ နိုးကြားမှုက ပိုပြီးတော့လည်း များလာတယ်။ ပိုပြီးတော့လည်း ပြင်းထန်လာတယ်။ အသိတွေလည်း ပိုရှိလာတယ်။ ပိုပြီးအားရဖို့ကောင်းတယ်။ နောက်ပြီးအားလုံးကလည်း စောင့်ကြည့်နေကြတယ်။ ဖြူဖြူတို့လည်း ပိုကောင်းတဲ့ အနာဂတ်တခုဖြစ်လာဖို့အတွက်ကို မျှော်လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူ၊ ပရိသတ်တွေ အကုန်လုံးကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားပြီးတော့ မဲပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။”

ဇွန်သဉ္ဇာ (မြန်မာမော်ဒယ်)

293596_187751757958833_2806949_n copy“ဒီတခေါက်တော့ မဲမပေးတော့ဘူးရှင်။ မဲစာရင်းမှာ မပါတာတော့ မဟုတ်ဘူးရှင်။ မဲကလေ ဟို..ဘယ်ပါတီ ကို ပေးရမလဲပေါ့။ နှစ် ဘက် စလုံးကိုလည်း ကိုယ်က သဘောကျတယ်။ နှစ် ဘက်စလုံးကိုလည်း ကိုယ်က လေးစား တယ်ပေါ့။ ဘယ်သူ့ကိုပေးရမှန်း မသိတာနဲ့ မပေးဖြစ်တော့ဘူးရှင်။ ဒီရွေးကောက်ပွဲကတော့ စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဖြစ်စေချင်တာတော့ တကယ် ဒီတိုင်းပြည်အတွက် အကျိုးရှိရှိ လုပ်ပေးနိုင်မယ့် အစိုးရအသစ်ကိုတော့ ပိုပြီးတော့ မျှော်လင့်တာပေါ့နော်။ အဲဒီတိုင်းဖြစ်လာမယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013